ပွင့်ဖြူမှာ PDF ထောင်ထားတဲ့မိုင်းနင်းမိလို့ အမျိုးသား ၂ ဦး ဒဏ်ရာရ

(ပြည်တွင်း) စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက် PDF တွေထောင်ထားတဲ့ မိုင်းကို နင်းမိတာကြောင့် ဒေသခံ အမျိုးသားတစ်ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။၊

ဒဏ်ရာရရှိသူဟာ ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာမှာနေထိုင်တဲ့ အသက် ၇၉ နှစ်အရွယ်ရှိတဲ့ ဦးလွတ်စိန်နဲ့ ဦးကျော်နိုင်ဦး(၅၃)နှစ်တို့ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဟာ ပွင့်ဖြူမြို့နယ် မဒဲကျေးရွာမှာနေထိုင်ကြသူတွေဖြစ်ပြီး စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီခန့်က ကျေးရွာရဲ့မြောက်ဘက် တစ်မိုင်ခန့်အကွာမှာရှိတဲ့ ယာတောမှာ အလုပ် လုပ်ကိုင်နေစဉ် နင်းမိုင်းတစ်လုံးကိုနင်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မိုင်းဒဏ်ရာရရှိခဲ့ကြတဲ့ ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာသားနှစ်ဦးဟာ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေကြတယ်လို့ သိရပါတယ်။