
(ပြည်တွင်း) စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့ကသေခံတစ်ဦးဟာ တအောင်းလက်နက်ကိုင် အကြမ်းဖက်အဖွဲ့ TNLA ထောင်ထားတဲ့မိုင်းကို နင်းမိတာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူဟာ နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာနေ ဦးဘမောင်(၆၉)နှစ်ဖြစ်တယ်လို့ သိရပါတယ်။
သူဟာ နေအိမ်အနောက်ဘက်မှာရှိတဲ့ လယ်ကွင်းအတွင်း စက်တင်ဘာ ၈ ရက် မွန်းတည့် ၁၂ နာရီခန့်က အလုပ်လုပ်ကိုင်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားတဲ့ နင်းမိုင်း တစ်လုံးကို နင်းမိပေါက်ကွဲခဲ့လို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မိုင်းဒဏ်ရာရရှိခဲ့ကြတဲ့ နောင်လင်ကျေးရွာနေ ဦးဘမောင်(၆၉)နှစ်ဟာ မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေကြတယ်လို့ သိရပါတယ်။