ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် လီဗာပူးအသင်း ငွေအသုံးစွဲဆုံးအသင်းဖြစ်လာ

(အားကစား) စက်တင်ဘာ ၈

လီဗာပူးအသင်းအနေနဲ့ ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အပြောင်းအရွှေ့ကာလတစ်ခုအတွင်း ငွေသုံးစွဲမှုအများဆုံးအသင်းအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

လီဗာပူးအသင်းဟာ ယခုနွေရာသီအတွင်း ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင် ၄၁၅ သန်းသုံးစွဲခဲ့ပြီး အဆိုပါ ပမာဏက ၂၀၂၃ ခုနှစ် နွေရာသီက ချဲလ်ဆီးအသင်းသုံးစွဲခဲ့တဲ့ ပေါင်သန်း ၄ဝဝ ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

လီဗာပူးအသင်းက နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ် ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက် ယခုလို စံချိန်သစ်တင်ခဲ့ခြင်းဖြစ်ပြီး ယခုနွေရာသီကာလမှာ လီဗာပူးအသင်းက ပေါင်သန်း ၁၀၀ ကျော်ဖြင့် ကစားသမားနှစ်ဦးကို ခေါ်ယူခဲ့ခြင်းလည်းဖြစ်ပါတယ်။