
(မှုခင်း) စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ဆင်ကူးကျေးရွာမှာနေထိုင်တဲ့ ဦးကျော်ဝင်းစိန် ၄၈ နှစ်ဟာ စက်တင်ဘာ ၃ ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန့်ခန့်မှာ ဆယ်ရွာကျေးရွာကနေ သူ့ရဲ့နေအိမ်ရှိတဲ့ ဆင်ကူးကျေးရွာကို ပြန်လာစဉ် အေးမြသာယာ-ဆယ်ရွာသွားကားလမ်းမပေါ်အရောက်မှာ အသင့်စောင့်နေတဲ့ PDF အမည်ခံ အကြမ်းဖက်သမား ၆ ဦးခန့်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်၊။
ထို့နည်းတူ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ကိုသန့်ဇင်အောင်(ခ)စတီး(၂၉)နှစ်ဟာ စက်တင်ဘာ ၃ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အချိန့်ခန့်က သူ့ရဲ့နေအိမ်မှာရှိနေစဉ် KIA လက်နက်ကိုင်သောင်းကျန်းသူနဲ့ PDF အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့ ၄ ဦးခန့်က မော်တော်ယာဉ် တစ်စီးနဲ့ လာပစ်ခတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ဆင်ကူးကျေးရွာမှာနေထိုင်တဲ့ ဦးကျော်ဝင်းစိန် နဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ကိုသန့်ဇင်အောင်(ခ)စတီး ဆိုသူကို အကြမ်းဖက်သောင်းကျန်းသူတွေက “ဒလန်” လို့ပြောဆိုကာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတာလို့ ပြည်ထဲရေးဝန်ကြီးဌာနကပြောဆိုထားပါတယ်။