
(မှုခင်း) စက်တင်ဘာ ၄
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းအုပ်စု၊ ရေဆင်း နယ်မြေ (၁) ရတနာမွန် ဆိုင်ရှေ့တွင် ရပ်ထားသည့်ဆိုင်ကယ်အား ခိုးယူသွားသည့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။
ယမန်နေ့ ၁နာရီခွဲ အချိန်တွင် ဦးကျော်ဦး ဘ)ဦးသန်းဦး အသက် ၄၇ နှစ်သည် ရေဆင်းအုပ်စု ရေဆင်းရွာပေါက် နယ်မြေ (၁)ရန်မန်လမ်းဘေး ရတနာမွန်စတိုးဆိုင်ရှေ့ သို့ LuojiA 125 အနက်ရောင်ဆိုင်ကယ် ဖြစ်ရောက်ရှိပြီး စျေးဝယ်ရန် ဆိုင်ကယ်အား ဆိုင်ရှေ့ တွင်ရပ်တန့်ထားစဥ် အမျိုးသမီးတစ်ဦး မှ ခိုးယူထွက်ပြေးသွားခဲ့သည်။
အဆိုပါခိုးယူသူ အမျိုးသမီးသည် ရေဆင်းရွာပေါက် လမ်းမဘေး ရပ်တန့်ထားသော ၎င်းဆိုင်ကယ် အနက်ရောင်ဆိုင်ကယ် ၁၇ယ ၁၀၃၅၃ အား ပြန်လာယူစဥ် သက်ဆိုင်ရာနယ်မြေရဲစခန်းလုံခြုံရေးအဖွဲ့ ရောက်ရှိလာပြီး မသင်္ကာသဖြင့် စတိုးဆိုင်ရှိ cctv မှတ်တမ်း နှင့် တိုက်ဆိုင်စစ်ဆေးကာ ဆိုင်ကယ်ခိုးယူသွားသူဖြစ်ကြောင်း တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့သည်။
၎င်းဆိုင်ကယ်ခိုးယူသူအမျိုးသမီးအား စစ်ဆေးခဲ့ရာ ခိုးယူခဲ့သည့် ဆိုင်ကယ်အားပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်အမှတ်( ၁)ရပ်ကွက် Linn ဆိုင်ကယ်အပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်တွင် ရောင်ချခဲ့ကြောင်း
စစ်ဆေးချက်အရ တရားခံ မနှင်းနုထွေး အသက် ၃၆ နှစ် (ဘ)ဦးသာရှိန်၊ ဇေယျာသီရိကုန်တိုက်ဝန်း ဇေယျာသီရိမြိုနယ် နေသူအား အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိပြီး၊ ပျောက်ဆုံးဆိုင်ကယ်အား သက်ဆိုင်ရာနယ်မြေ ရဲစခန်း နှင့်ချိတ်ဆက်၍ ကျည်တောင်ကန်အမှတ် (၁)ရပ်ကွက် Linnဆိုင်ကယ်ပစ္စည်ဆိုင်းအား သွာရောက်စစ်ဆေးရာ ခိုးယူဆိုင်ကယ်အား တွေ့ရှိရပြီး ၎င်းဆိုင်ကယ်ဝယ်ယူသူအား ရေဆင်းနယ်မြေ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးလျှက် ရှိကြောင်း သိရသည်။