“ကောင်းကောင်းနန်းတော်” စားသောက်ဆိုင်အား ဆီဘောက်ဆာကား ဝင်တိုက်


(မှု့ခင်း) စက်တင်ဘာ ၁

မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ ကျောက်စိမ်းဘုရားအနီးမှ စားသောက်ဆိုင်တစ်ဆိုင်ကို ဆီဘောက်ဆာကားမှဝင်တိုက်မိသဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က၊ ကျောက်စိမ်းဘုရားအနီးရှိ “ကောင်းကောင်းနန်းတော်” စားသောက်ဆိုင်အား ဆီဘောက်ဆာကားမှ ဝင်တိုက်မိခဲ့ရာ မီးလောင်မှုဖြစ်ပွားသဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းငြှိမ်းသတ်ခဲ့ရပြီး နံနက် ၇ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆီလောက်ဆာကား ဝင်တိုက်မှုကြောင့် မီးလောင်သေဆုံးနေသည့် ရုပ်အလောင်း ၃ လောင်းအား ရှာဖွေတွေ့ရှိခဲ့ရသဖြင့် လူမှုကူညီရေးအသင်းဝင်များက မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

PAN