(မှုခင်း) သြဂုတ် ၂၉
ရန်ကုန်ကနေ ကြက်ဥတွေတင်လာတဲ့ ကုန်တင်ယာဥ်ဟာ အရှိန်မထိန်းနိုင်ပဲ တံတားဘောင်ကိုဝင်တိုက်မိတာကြောင့် ကားပေါ်ပါလာတဲ့ အမျိုးသားနှစ်ဦးစလုံး ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ကော်မြို့မှာရှိတဲ့ ပီတိနှလုံးသားလူမှုကူညီရေးအသင်းထံကသိရပါတယ်။

ဒီနေ့ သြဂုတ်လ ၂၉ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က သထုံမြို့နယ် သာယာကုန်းကျေးရွာမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကားခေါင်ထဲတွင်ညှပ်မိနေခဲ့တဲ့ အမျ်ုးသားနှစ်ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ညှပ်မိနေတဲ့လူနာနှစ်ကိုအချိန် တော်တော်ကြာထုပ်နေရလို့ အခုတော့ထွက်သွားပြီး လူနာနှစ်ဦးကိုပီတိနှလုံးသားကားနှစ်စီးနဲ့သထုံဆေးရုံကြီးကိုပို့ဆောင်ပေးလိုက်ရတယ်လို့ ပီတိနှလုံးသားလူမှုကူညီရေးအသင်းတာဝန်ရှိသူ ဦးစိုးမင်းထိုက်ကပြောပါတယ်။
“လူနာထုပ်မလို့ လုပ်ရကိုင်ရတာစိတ်တိုင်းမကျ ဆရာတွေများပြီး ဇောကပ် သောကစိတ်ရောက်ရတာတစ်မျိုး လူနာထုတ်ပြီးလို့ဆေးရုံရောက် ခရီးသွားကုန်ကားဆရာပါ ဆို လူနာစောင့်မပါရင်လာပို့တဲ့အဖွဲ့ထိုင်စောင့်ဆိုလို့ ငုတ်ရိုက်ရတဲ့သောကစိတ်ကလဲအလီလီအခါခါ” လို့ ပီတိနှလုံးသားလူမှုကူညီရေးနှင့်နာရေးကူညီမှုအသင်းသားတစ်ဦးကပြောပါတယ်။
နာရေးကူညီမှုအသင်းတွေဟာ ယာဥ်တိုက်မှုနဲ့အခြားအရေးပေါ်အခြေအနေတွေကို ကူညီကယ်ဆယ်ရာမှာ အဆင်မပြေမှုတွေဖြစ်ပေါ်နေတာနဲ့ပတ်သက်ပြီး အသင်းတာဝန်ရှိသူတစ်ဦးဖြစ်တယ် ကိုစိုးမင်းထိုက်ကလည်း အခုလိုပြောပါတယ်။
“အက်ဆီဒင့်ပါဆိုဘယ်ကလူနာစောင့်ပါရမလဲ ဒါကိုသူတို့မသိဘူးသိအောင်လဲမလုပ်ဘူး လူနာပိုတာကားနှစ်စီးဆိုတော့အဖွဲ့ဝင်တွေကုန်ပြီးပေါ့ ရုံးမှာက နာရေးလမ်းကြောင်းတွေကရှိသေတယ်။ ဘယ်လိုမှပြောလို့မရဘူး။ နောက်ပိုင်းဆိုအက်ဆီဒင့်ကိုမကောက့်ရဲ့တော့ဘူး။ ကောက်ပြီးလူနာစောင်နေရတာတစ်လုပ် မနက်ထဲ့ကသွားပို့တာ နေ့လည် ၁ နာရီခွဲမှပေးပြန်တယ်။ ထမင်းဆာလို့သေတော့မယ် ” လို့ ဆိုပါတယ်။
သထုံပြည်သူ့ဆေးရုံကြီးကို အရေးပေါ်လူနာ လူနာစောင့်မပါရင် စောင့်ပေးရတာကြောင့် လုပ်ငန်းတွေ အဆင်မပြေဖြစ်ရတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးတွေဆက်လုပ်ဖို့ခက်ခဲလာရတယ်လို့ သထုံခရိုင်အတွင်းက လူမှုကူညီရေးအသင်းတွေကပြောဆိုထားပါတယ်။