(မှုခင်း)သြဂုတ်လ၂၄
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၈၀/၅)အနီးတွင် ယနေ့မွန်းလွဲ၂နာရီကျော်အချိန်ခန့်ကNissan Wingroad အမျိုးအစား (အဖြူရောင်)ယာဉ်သည် အရှေ့ဝဲဘက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်အားဝင်ရောက်တိုက်မိကြောင်း မီးသတ်တပ်ဖွဲ့ထံမှသိရသည်။

၎င်း ယာဥ်တိမ်းမှောက်သည့်နေရာသို့ မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ထိခိုက်ဒဏ်ရာရရှိသူ ကျား(၁)နှင့် ကျား(၁)ဦး (သေဆုံး)တို့အား သုခဝေစည်လူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
#PAN