ကမ္ဘာ့အမွေအနှစ် ဂုတ်ထိပ်တံတားကို TNLA မိုင်းခွဲဖျက်စီး

(မှုခင်း) သြဂုတ် ၂၄

နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲက နာမည်ကျော် ဂုတ်ထိပ်တံတားကို တအောင်း အကြမ်းဖက်သောင်းကျန်းသူ TNLA က မိုင်းခွဲဖျက်ဆီးဖျက်စီးလိုက်တယ်လို့ သိရပါတယ်။

အဆိုပါဂုတ်ထိပ်တံတားကို ဒီနေ့ ဩဂုတ် ၂၄ ရက် နေ့မနက်ပိုင်းမှာ အကြမ်းဖက်သောင်းကျန်းသူ TNLA အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြတာပါ။

သမိုင်းဝင်ဂုတ်ထိပ်တံတားဟာ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အစပ် မန္တလေး-လားရှိုးကို ဆက်သွယ်ထားသည့် မီးရထားသံလမ်းတံထားတစ်စင်းဖြစ်ပါတယ်။

အခုဖျက်ဆီးခံရတာက (ကျောက်မဲဘက်ခြမ်း)ဖြစ်ပြီး တံတားရဲ့ အလျား ပေ ၃၀ ကျော် ပျက်စီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

ဂုတ်ထိပ်တံတားကို ဆောက်လုပ်ရာမှာ သံနဲ့သံမဏိတန်ချိန် ၄၃၁၁ တန်နအတူ သံမှိုပေါင်း တစ်သန်းကို သုံးစွဲထားတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

ကမ္ဘာ့အမြင့်ဆုံးတံတား စာရင်းဝင်ဖြစ်တဲ့အပြင် ကမ္ဘာ့အမွေအနှစ် တံတားကြီးလည်းဖြစ်တဲ့ ဂုတ်ထိပ်တံတားကို ၁၈၉၉ ခုနှစ်က တည်ဆောက်ခဲ့ပြီး ၁၉၀၀ ပြည့်နှစ်မှာ ပြီးစီးခဲ့ကာ ၁၉၀၃ ခုနှစ်က စတင်အသုံးပြုနိုင်ခဲ့တာလို့လည်း သမိုင်းမှတ်တွေအရ သိရပါတယ်။

#PAN