(မှုခင်း) သြဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ အစိုးရသူနာပြုသင်တန်းကျောင်းတွင် သင်တန်းသူအမျိုးသမီးတစ်ဦး မိမိကိုယ်ကို ဒီဇယ်လောင်းမီးရှို့ကာ သတ်သေမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ယနေ့နံနက်ပိုင်းက မပြည့်ပြည့်ဝင်း၊ အသက် ၂၅ နှစ်သည် သူနာပြုသင်တန်းကျောင်းရှိ ရေချိုးခန်းနှင့် အိမ်သာတွဲရက်ခန်းထဲတွင် အခန်းတံခါးကို ဂျက်ထိုးထားပြီး မိမိကိုယ်ကို ဒီဇယ်လောင်းမီးရှို့ခဲ့တာဖြစ်နိုင်ကြောင်း၊ အိမ်သာထဲတွင် ဒီဇယ်ပုံးတွေ့ရကြောင်း အနီးဝန်းကျင်ရှိ သိရှိသူတစ်ယောက်ပြောကြားသည်။
အဆိုပါ သေဆုံးသူအမျိုးသမီးသည် ကယားပြည်နယ် မှလာရောက်ပြီး သင်တန်းတက်ရောက်သူဖြစ်ပြီး ရုပ်အလောင်းကို မိတ္ထီလာ ပြည်သူ့ဆေးရုံ ရင်ကွဲရုံသို့ ပို့ဆောင်ထားကာ သတ်သေမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။