(မှုခင်း) ဩဂုတ် ၈
မွန်ပြည်နယ် သထုံမြို့နယ် ပုတိမ်ရိုးရွာစာသင်ကျောင်းအနီး ရန်ကုန် မော်လမြိုင်ကားလမ်းဘေးဘုန်းကြီးကျောင်းမုဒ်ဝနားရှိ အုတ်ပုံတစ်ခုအတွင်းထောင်ထားသည့်မိုက်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ကုန်တင်ယာဥ်မောင်းတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့ သြဂုတ်လ ၈ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်တွင် တိမ်ရိုးရွာစာသင်ကျောင်းအနီးရှိ ဒေါ်သန်းဌေး၏နေအိမ်ရှေ့ အုတ်ပုံတွင်ထောင်ထားသည့် မိုင်းကွဲခဲ့ရာ အုတ်ပုံပျက်စီးပြီး ယာဉ်မောင်းဦးကိုဆောင် ၃၇ နှစ်တွင် မှန်စအနည်းငယ်မှန်ပွန်းပဲ့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ မော်တော်ယာဥ်မှာ ရေးမြို့နယ်မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် HINO အမျိုးအစား အဖြူရောင် ၁၂ ဘီးယာဉ်ဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ရှေ့လေကာမှန်အက်ကွဲ အပေါ်အမိုးအကာပေါက်ပြဲပျက်စီးခဲ့သညိဟု သိရသည်။
#PAN