


(ပြည်တွင်း) ဇူလိုင် ၃၁
ကရင်ပြည်နယ်ရဲ့ အဓိကဆက်သွယ်ရေးလမ်းမကြီးဖြစ်တဲ့ ဘားအံ-ကော့ကရိတ်လမ်း ပေါ်က ကျုံဒိုး – ကော့ကရိတ်ကြားက ငါးတိုင် ရှစ်တိုင် ကိုးတိုင် ကွမ်းခြံကုန်း နေရာအားလုံးကို တပ်မတော်က ဇူလိုင်လ ၂၅ရက်နေ့ကစတင်ကာ ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ဘားအံ – မြဝတီ အာရှလမ်းမကြီးကိုရှင်းလင်းနေတဲ့ တပ်မတော်စစ်ကြောင်းဟာ ကော့ကရိတ်ကနေ မြဝတီကိုဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးကိုထပ်မံရျင်းလင်းနေပြီး ကော့ကရိတ်၊ လှိုင်ဝ၊ တာနောရေတံခွန်၊ ကွမ်းခြံကုန်းအထိ ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့အဆိုအရ ကွမ်းခြံကုန်း-သင်္ကန်းညီနောင်အထိရှင်းနိုင်ဖို့ နယ်ခြားစောင့်တပ်တွေရဲ့ တကယ်တမ်း အလုပ်လုပ်မယ်ဆိုပါက အဆိုပါအကွာအဝေးဟာ ခဏအတွင်း ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
တပ်မတော်အနေနဲ့ အာရှလမ်းမကြီးတစ်လျှောက်ကုန်သွယ်မှုအဆင်ပြေနိုင်ဖို့အတွက် မဖြစ်မနေ ရှင်းလိမ့်မယ်လို့ ဒေသခံတွေယုံကြည်နေကြတယ်လို့ သိရပါတယ်။
ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းရှင်းလင်းရာမှာ တပ်မတော်နဲ့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး DKBA အဖွဲ့က ဗိုလ်ဘိ၊ ဗိုလ်ဒါးဝင်း အဖွဲ့တွေ ပူးပေါင်းပြီး KNLA / PDF တွေကိုရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ကွပ်ကဲရေးနှင့်အကြံပေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF ဟာ ကရင်အမျိုးသားတပ်မတော် KNA အဖြစ် အသွင်းပြောင်းရန်ကြိုးပမ်းမှုတွေရှိနေချိန် အခုလို ပြန်လည်ထိန်းချုပ်မှုတွေလုပ်ဆောင်လာဖြစ်ပါတယ်။
မြဝတီမြို့ဟာ အဖွဲ့ပေါင်းစုံရဲ့ အကျိုးစီးပွါးပေါင်းစုံရှိရာဒေသတစ်ခုဖြစ်သလို ယခင်သင်္ကန်းညီနောင်ဖြစ်စဉ်လို လက်မောင်းဘက်ကပ်ခွါကိစ္စတွေဖြစ်လာမှာကိုလည်း ဒေသခံတွေစိုးရိမ်နေကြတယ်လို့ သိရပါတယ်။