ပုလဲမြို့နယ် ဇီးဖြူကုန်ပြည်သူစစ်ပူးပေါင်းလုံးခြုံရေးအဖွဲ့ကို လာရောက်တိုက်သော အကြမ်းဖက်PDFအဖွဲ့အများအပြားသေဆုံးကာလက်နက် ၂ လက်နှင့် ဘူဒိုဇာယာဥ်တစ်စီး သိမ်းဆည်းရရှိ

(မှုခင်း)  ဇူလိုင် ၃၁

ယမန်နေ့ နံနက် ၅ နာရီအချိန်ခန့် တွင် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ဇီးဖြူကုန်းပြည်သူစစ်ပူးပေါင်းလုံခြုံရေးအဖွဲ့ကို PLAအကြမ်းဖက်ပူးပေါင်းအင်းအား ၁၀၀၀ခန့်က လာရောက်တိုက်ခိုက်သည့်အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

အကြမ်းဖက်PDFအဖွဲ့များက သံဘီးတပ်ဘူဒိုဇာ ၂ စီးဖြင့်အလုံအရင်း အင်အားအသုံးပြုကာ လာရောက်တိုက်ခဲ့သည့်အတွက် လေကြောင်းပစ်ကူတောင်းရာ ပါတာမော်တာစက်တပ်လေထီးများဖြင့် ပစ်ကူပေးရာ အကြမ်းဖက်PDFအဖွဲ့ဝင် ၂၀ ဦးခန့် သေဆုံးပြီး အကြမ်းဖက်အလောင်း ၁ လောင်း၊ MA အမျိုးစားသေနတ် ၂ လက်နှင့် ဘူဒိုဇာ ၁ စီးကို ပြည်သူ့စစ်ပူးပေါင်းလုံခြုံရေးအဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း မြေပြင်သတင်းများအရသိရသည်။

ပုလဲမြို့နယ်တွင် စခန်းသိမ်းတိုက်ပွဲခေါင်းစဥ်ဖြင့် အကြမ်းဖက်PLAပူးပေါင်းအဖွဲ့မှ ဇွန်လဆန်းပိုင်းစတင်၍ တိုက်ပွဲပုံဖော်ခဲ့ရာ အကြမ်းဖက်PDFအင်အား ၅၀၀ ကျော်အထိသေဆုံးနေပြီး ယခုအချိန်ထိအခဲမကြေးသေးပဲ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ပုံဖော်နေကြောင်းသိရသည်။