မော်တော်ယာဥ်တစ်စီးမှ အလုပ်သမားများတင်ဆောင်ထားသည့် ထော်လာဂျီအား ဝင်တိုက်မိ သဖြင့် ထိခိုက်ဒဏ်ရာရရှိသူများပြား

(မှုခင်း)  ဇူလိုင် ၃၁

ဓရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် ၊ ကျုံကလွတ်ကျေးရွာအနီးတွင် အလုပ်သမားများ တင်ဆောင်ထားသည့် ထော်လာဂျီအား မော်တော်ယာဥ်တစ်စီးမှ ဝင်ရောက်တိုက်မိကြောင်း သိရသည်။

ယနေ့နံနက် ၅နာရီ၄၀မိနစ်အချိန်ခန့်က ကျုံကလွတ်ကျေးရွာ ၊ဘုံလုံချောင်းတံတားအတက် ကျိုက်လတ်မှမအူပင်သို့မောင်းနှင်လာသောMDY-RLG-4631 ODYSSER ယာဥ်သည် လားရာတူသွားနေသည့် ကုန်ကားအား ကျော်တက်ရာ ရွာထိပ်တွင် အလုပ်သွားရန်ရပ်ထားသော ထော်လာဂျီအား ဝင်တိုက်မိပြီး အလုပ်သမား(၁၃)ဦးခန့်ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။သည်။ အဆိုပါ ယာဥ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူများအား ကျိုက်လတ်ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း၊  ကျုံကလွတ်ကျေးရွာအုပ်စုမှ မနွယ်နွယ်ရီ(ဘ)ဦးမျိုးမြင့် အသက် (၄၁)နှစ်သည် ရရှိဒဏ်ရာဖြင့်သေဆုံးသွားကြောင်း ၊ယာဥ်မဆင်မချင်မောင်းနှင်သူအား မြိုု့နယ်ရဲစခန်းတွင် အမှု့ဖွင့်အရေးယူထားကြောင်း သိရသည်။