
(ပြည်တွင်း) ဇူလိုင် ၂၅
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ် တို့ရှိ သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မိုးစပါး စိုက်ပျိုးသည့် တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ၊ ဆိုလာနှစ်ချပ်တွဲ ခြောက်လက်မရေတင်ပန့်နှင့် ဆိုလာ ၁၄ ချပ်တွဲ အနိမ့်တင်ရေတင်စက်ပေးအပ်ပွဲကို ဇူလိုင်လ ၂၄ ရက်က လှည်းကူးမြို့နယ် ရဲမွန်ကျေးရွာအုပ်စုရှိ GBS ဝင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့ရှိ တောင်သူများအတွက် သွင်းအားစုဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာ၊ အနိမ့်တင် ဆိုလာရေတင်စက်နှင့် ရေတင်ပန့်များကို ပေးအပ်ခဲ့ပါတယ်။