တပ်မတော်က နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ရရှိခဲ့မှုအပေါ် နောင်ချိုမြို့ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများက ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင်လည်း တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်


(ပြည်တွင်း) ဇူလိုင် ၁၉

တပ်မတော်အနေဖြင့် ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် တိုင်း စစ်ဌာနချုပ်နယ်မြေများ အလိုက် အကြမ်း ဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)များကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၆ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် တောင်ခမ်းဒေသ တစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို တပ်မတော်က အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှု အပေါ် နောင်ချိုမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာစွာအားပေး ထောက်ခံ ကြိုဆိုလျက်ရှိကြပြီး အချို့မှာ ယာယီနေရပ် စွန့်ခွာနေရာမှ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည်ဝင်ရောက် လျက်ရှိကြောင်း သိရှိရသည်။

နောင်ချိုမြို့နယ်တစ်ဝိုက်အား အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ် ဒေသခံ တိုင်းရင်းသားပြည်သူများအနေဖြင့် အိုးအိမ်တိုက်တာစည်းစိမ်များကို စွန့်ခွာတိမ်းရှောင်နေကြရပြီး ၎င်း တို့၏ လူ့အခွင့်အရေးဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အဘက်ဘက်မှနိမ့်ကျမှုများ၊ စစ်၏ အနိဋ္ဌာရုံများ ကိုရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး တပ်မတော်က နောင်ချိုဒေသ တစ်ဝိုက်အား အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့သောကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် တပ်မတော်အပေါ် ယခုကဲ့သို့စိတ်အားထက်သန်စွာအားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော် နှင့် အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် နောင်ချိုမြို့နယ်နှင့် ပတ်ဝန်းကျင်တစ်ဝိုက်ရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသား ပြည်သူများ ၎င်းတို့၏ မြို့/ရွာများရှိ နေအိမ်များ တွင် ပြန်လည်နေထိုင်နိုင်ရေး၊ အေးချမ်းပျော်ရွှင်စွာ လူမှုစီးပွားဘဝအတွက် ရှာဖွေလုပ်ကိုင်စားသောက်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်မှု ယန္တရား ပြန်လည် လည်ပတ်နိုင်ရေး အတွက် အကြမ်းဖက်သောင်းကျန်းသူများယာယီထိန်းချုပ်ထားစဉ် ဖျက်ဆီးသွားခဲ့သည့် ရုံး/ဌာန အဆောက်အအုံများ၊ လူနေ အဆောက်အအုံများ၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများအားပြန်လည်ပြုပြင်နိုင်ရေးအတွက်အကြမ်းဖက်သမားများ ရက်စက်ယုတ်မာ စွာလုပ်ဆောင်ခဲ့သည့် မြေမြုပ်မိုင်းအန္တရာယ် မှ ကင်းရှင်းစေရန် မြို့/ရွာများအတွင်း မိုင်း ရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင် ၁၈ ရက်နေ့ကလည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဌာနဆိုင်ရာအဖွဲ့ဝင် ၁၁၈ ဦးတို့သည် ဒေသခံပြည်သူလူထုအား လိုအပ်သည့် ကူညီထောက်ပံ့မှု များ ဆောင်ရွက်ပေးသွားရန်နှင့် အစိုးရ၏အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများပြန်လည် ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများပြန်လည် ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဆေးရုံများပြန်လည် ဖွင့်လှစ်နိုင် ရေး လိုအပ်သည့်ကူညီထောက်ပံ့ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့်အတူမော်တော်ယာဉ်များ ဖြင့်နောင်ချိုမြို့သို့ရောက်ရှိလာကြောင်း သိရှိရသည်။

အဆိုပါမော်တော်ယာဉ်များနှင့်အတူတောင်ခမ်း ဒေသနှင့် နောင်ချိုမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မန္တလေး တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများမှ ပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာနှင့် အသုံးအဆောင်ပစ္စည်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ တစ်ပါတည်းပါရှိကြောင်း သိရှိရသည်။

ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့်လည်း ၎င်းတို့၏အိမ်ပြန်ချိန်ကို အစဉ်စောင့်မျှော် နေခဲ့ရကြောင်း၊ စစ်၏ဆိုးကျိုးများကို ကိုယ်တိုင်ကိုယ်ကျကြုံတွေ့ခဲ့ကြရ သဖြင့် ငြိမ်းချမ်းမှုကိုသာ လိုလားကြောင်း၊ မိမိတို့၏ သားသမီးများကိုလည်း အခြားငြိမ်းချမ်းသော အရပ်ဒေသများမှ ကလေးများ ကဲ့သို့ပင် အေးချမ်းစွာပညာသင်ယူ စေချင်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကြောင့် အဖက်ဖက်က ပျက်စီးဆုံးရှုံးခဲ့ရသည့် နောင်ချိုမြို့အား ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ပါက တပ်မတော် နှင့် အတူ ဝိုင်းဝန်းကူညီဆောင်ရွက် ကြမည်ဖြစ်ကြောင်း၊ နောင်ချိုမြို့သူ မြို့သားများကဲ့သို့ပင် အကြမ်း ဖက်သောင်းကျန်းသူများယာယီထိန်းချုပ်ထားသည့် အခြားမြို့များ ကိုလည်း တပ်မတော်က ပြန်လည်ထိန်းချုပ်ရယူစေလိုသည့် ဆန္ဒများမှာ အခြားပြည်သူများထံတွင်လည်းရှိနေကြောင်း၊ ထို့ကြောင့် အကြမ်းဖက်သောင်း ကျန်းသူများ ယာယီထိန်းချုပ်ထားသည့် အခြားဒေသများကိုလည်း တပ်မတော်က ပြန်လည်ရယူ၍ ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝများအားပြန်လည် ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုကြောင်း ဝမ်းပန်းတသာရင် ဖွင့်ပြောကြားခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် အကြမ်းဖက်အဖွဲ့များ၏ ပြည်သူလူထုအပေါ် အကြောင်းမဲ့ခြိမ်း ခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်မှု၊ ညှင်းပန်း နှိပ်စက်အနိုင်ကျင့်မှု၊ ဆက်ကြေး ကောက်ခံမှု၊ အေးချမ်းသာယာနေသည့် မြို့ရွာများ ကိုဖျက်ဆီးမှု စသည့်အကြမ်းဖက်လုပ်ရပ် များကို လက်မခံနိုင်တော့သည့် ဒေသခံ ပြည်သူများသည် တပ်မတော်အပေါ် ယုံကြည် အားကိုးမှုများ၊ စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ ပြုလုပ်လာကြပြီး တပ်မတော်အနေဖြင့်လည်း ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရန်အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN