
(ဆောင်းပါးကဏ္ဍ) ဇူလိုင် ၅
ချစ်နိုင်(စိတ်ပညာ)
” ခေါင်းဆောင်မှုဆိုတာကိုယ်အောင်မြင်ချင်တဲ့ ရည် မှန်းချက်တာဝန်တစ်ခုခုကို သူတို့တစ်ဦးချင်းစီကပါ (သူတို့ကိုယ်တိုင်ထက်ထက်သန်သန်လိုလိုလားလားစိတ်ပါလက်ပါ) သူတို့ကိုယ် တိုင်လုပ်ချင်တဲဆန္ဒနဲ့ ရွေးချယ်ခဲ့တာလို့ နှစ်နှစ်ကာကာယုံကြည်ပြီးလုပ်ကြစေနိုင်စွမ်းရှိခြင်းပဲ။”
ဒွိုက်ဒေးဗစ်၊ အိုက်စင်ဟောင်ဝါ
၁၈၉၀-၁၉၆၉
၃၄ ဦးမြောက်အမေရိကန်သမ္မတ
နိဒါန်း
အဖွဲ့အစည်းအသင်းအပင်းတွေနဲ့ စုပေါင်းလှုပ်ရှားကြတဲ့အခါ ပေါင်းစုခြင်းရဲ့အင်အားဟာ နှစ်ဆလောက်တိုးပွားတယ်လို့ အများကထင်မြင်ယူဆတတ်တယ်။ သဘာဝလူ့လက်မှာတောင် စုစည်းဆုပ်ကိုင်ဖို့ လက် သန်း၊ လက်သူကြွယ်၊ လက်ခလယ်၊ လက်ညှိုးနဲ့ လက်မ၊ လက်ငါးချောင်းစလုံး စုပေါင်းလိုက်မှ ကိုယ် လုပ်ချင်သလို အလုပ်ကို တကယ်ဖြစ်မြောက်စေနိုင်တယ်လေ။ ဟုတ်တာပေါ့။
တကယ်တော့ လက်သန်းဆိုတာသေးလည်း သေးတယ်။ တိုလည်းတိုတယ်။ အားအင်နည်းပါတယ်။ အားရှိကြတာကတော့ လက်ညှိုးနဲ့လက်မပေါ့။ ကြမ်း ပိုးလေးတွေ၊ ပုရွက်ဆိတ်ကလေးတွေ တောင် ကောက်နိုင်၊ ဖမ်းနိုင်တာ။လက်ချောင်းများ မ,တာ၊ကိုင်တာ၊လက်လေးချောင်းက တစ်ဘက်၊ လက်မကတစ်ဘက်၊ ကိုင်တွယ်မှသာ အရာရောက်တာမို့၊ လက်မဟာ အင်အားကောင်းရုံသာမက အဓိကအရေးပါတဲ့ လက် ချောင်းပါလား။ သက်ရှိသတ္တဝါအားလုံးတို့အနက် လူသားက အသိဉာဏ်အရာပိုမိုမြင့်မားတဲ့ ဉာဏ်ရည်သာလွန်မှုကြောင့် ဒီကမ္ဘာမြေကို လွှမ်းမိုးခြယ်လှယ်နိုင်ခြင်းဖြစ်တယ်လို့ လူရဲဦးနှောက်၊ အသိအမြင်ကို ချီးမွမ်းပြောဆိုလေ့ ရှိကြတယ်။ ရေးသားနေကြပါ
တယ်။သိပ္ပံပညာရှင်များနဲ့ ရှေးဟောင်းသုတေသနပညာရှင်ကြီးများရဲ့ တကယ်တမ်းလေ့လာစိစစ်ချက်တွေအရ လူသားတွေရဲ့ ရာစုနှစ်ပေါင်းများစွာ ယဉ် ကျေးမှု လူ့အဖွဲ့အစည်းအဆင့်ဆင့်တိုးတက်ခြင်းများရဲ့ အဓိကအကျဆုံးသော အကြောင်းအချက်ကတော့ လူသားက လက်ညှိုးနဲ့ လက်မကို ဘဝသက်တမ်းတစ်ခုစီအတွင်းမှာ အထိရောက်ဆုံး အသုံးချလုပ် ဆောင်ခဲ့ကြခြင်းကြောင့်သာဖြစ်ပါတယ်တဲ့။ တွေး တောဆင်ခြင်နိုင်စွမ်း၊ တွက်ဆမြော်မြင်နိုင်စွမ်းတွေလည်း ပါမှာပေါ့။ သို့တစေ လက်ညှိုးနဲ့ လက်မနဲ့ အနုကော အကြမ်းကော အလုပ်အမျိုးမျိုးကို သမိုင်းအစဉ် အဆက် လူသားက အခြားသတ္တဝါကြီးငယ် အားလုံးအပေါ်လွှမ်းမိုးနိုင်တာကတော့ အမှန်ပဲ၊ ဓားခုတ်၊ လှံ ထိုးစွမ်းရည်နဲ့ အနိုင်ယူနိုင်တယ်။ အမြောက်၊ တင့် ကား၊ လေယာဉ်၊ စစ်သင်္ဘောစသည့် ခေတ်မီလက်နက်တွေကိုစွမ်းအားကြီးမားအောင် တိတိကျကျ တီထွင်နိုင်ခဲ့တယ်။
စုပေါင်းအား
လူသားရဲ့ လက်ချောင်းတွေရဲ့ မူလပထမအစွမ်းကြောင့်ဆိုတာကို ဘယ် သူမှငြင်းလို့မရပါ။ စုပေါင်းထားတဲ့ လူသားတွေရဲ့လက်ချောင်းက လူ့သမိုင်းအတွက် အသစ်အသစ်သောတိုးတက်ဖွံ့ဖြိုးမှုတွေကို ဖြစ်စေနိုင်ခဲ့ပါတယ်။ သင်္ချာသဘောနဲ့ ထင်ရှားအောင်ပြခွင့်ပြုပါ။
၁၀+၁ဝ = ၂ဝ အရေအတွက်ရတယ်။
၁ဝx၁ဝ = ၁ဝဝ ဆယ်ဆရတယ်။
စုပေါင်းခြင်းဟာ နှစ်ဆတိုးသွားတယ်။ မှန်ရဲ့။ စိတ်တူကိုယ်တူချစ်ခင်စည်းလုံးစွာပေါင်းစည်းခြင်းဆိုတာ သာမန် အရေအတွက်များပေါင်းခြင်း ထက် ပိုမိုလေး နက်သလိုပေါ်ထွက်လာတဲ့ ကိန်းဂဏန်းအဖြေကလည်း သိသိသာသာခုန်ပျံတိုးပွားကြောင်းမြင်တွေ့ရလိမ့်မယ်။
တစ်စိတ်တစ်ဝမ်းညီညွတ်ညီညာခဲ့ကြလို့သာ စတု ရန်းမိုင်ပေါင်း ၂ဝ၁၂၂၈ ၂ မိုင် သို့မဟုတ် ၆၇၆၅၇၈ စတုရန်းကီလိုမီတာအကျယ်အဝန်း (အာဆီယံနိုင်ငံများအားလုံးထဲမှာ အင်ဒိုနီးရှားကလွဲရင်) အကျယ်ဆုံးနိုင်ငံ တစ်နိုင်ငံရဲ့ တောတောင်၊ ရေမြေ၊ ချောင်းမြောင်း ၊ အင်းအိုင်၊ပင်လယ်ပြင်ပိုင်နက်(သမုဒ္ဓရာထွက် ပေါက်)ကျယ် ဝန်းစွာပိုင်ဆိုင်တဲ့ ပြည်ထောင်စု။ ရှေးကာလနှစ်ပေါင်းထောင်ချီကာ လွတ်လပ်တဲ့ အချုပ် အခြာ အာဏာပိုင်နိုင်ငံကြီးတစ် နိုင်ငံအနေနဲ့ရပ်တည်ခဲ့ရာက ၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ၁၉၄၈
ခုနှစ်၊ ဇန်နဝါရီ ၄ ရက် မတိုင်မီအထိ ဗြိတိသျှ နယ်ချဲ့နှင့် ဂျပန်ဖက်ဆစ်တို့၏ လက်အောက်သို့ ၆၂ နှစ်ကြာကျရောက်ခဲ့ရဖူးချိန်မှအပ ပြည်ထောင်စုမြန်မာနိုင်ငံပြန်လည် လွတ်လပ်ရေးရခဲ့တာပဲ ၇၅ နှစ်ကျော်ခဲ့ပြီ။ သူ့ကျွန်မခံတွန်းလှန်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းလူမျိုးတွေပေပဲ။ ဆုံးရှုံးခဲ့ရတဲ့အချုပ်အခြာအာဏာကို အရင်းရှင်စနစ်ကမ္ဘာကိုလွှမ်းမိုးတဲ့ခေတ်ကာလ နယ်ချဲ့အရင်းရှင်စနစ် ကမ္ဘာကို လွှမ်းမိုးတဲ့ ခေတ်ကာလ နယ်ချဲ့အရင်းရှင်ဗြိတိသျှအစိုးရက မိမိတို့ထက်စီးပွားရေး
အင်အား၊ စစ်အင်အား(ကမ္ဘာ့အမြင်၊ အသိပညာကျယ်ဝန်းခြင်းစွမ်းအား)စသည့် သာလွန်မှုများအရ ၁၈၂၄-၂၆ တစ်ကြိမ်(နှစ်-နှစ်ကြာ)၊ ၁၈၅၂ ခုနှစ်တွင် ဒုတိယအကြိမ်ထပ်မံ၍ (ရှစ်-လကြာ)နှင့် ၁၈၈၅ ခုနှစ်တွင် တတိယအကြိမ် (နှစ်လသုံးလကြာမျှနှင့်)၊ သုံးကြိမ်တိုင်တိုင်၊ မြန်မာပြည်ကိုနယ်ချဲ့ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ကြရလေတယ်။
သမိုင်းထဲက
ကမ္ဘာ့သမိုင်းမှာ နိုငံတစ်ခုကို ကျွန်ပြုဖို့ရာ ၆၂ နှစ်ကြာ စစ်တိုက်ယူရတာ ဗြိတိသျှနယ်ချဲ့အရင်းရှင်နိုင်ငံအတွက် မြန်မာပဲရှိတယ်။ နေမဝင်အင်ပါယာဆိုရလောက်အောင် အာရှ၊ အာဖရိက၊မြောက် အမေရိကနဲ့ နယူးဇီလန်၊ ဖော်ကလန်၊ ဖီဂျီစတဲ့ ကျွန်းနိုင်ငံလေးများပါမကျန် ကမ္ဘာ့နေရာအနှံ့ နေမဝင်အင်ပါယာ တန်ခိုး ကြီးမားတဲ့ အင်္ဂလိပ်ဟာ မြန်မာကိုကျွန်းသစ်၊ ရေနံ၊ ဆန်ရေစပါး၊ သယံ ဇာတကျောက်စိမ်း၊ နီလာ၊ ပတ္တမြားရတနာအမျိုးမျိုးဒီလောက်ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံကို ၆၂ နှစ်သာ အုပ်ချုပ်ပြီး လက်လွှတ်ခဲ့ရလို့ အခဲမကျေပါ။ မရမနေပြန်ပြီးခြယ်လှယ်ဖို့နည်းအမျိုးမျိုးနဲ့ ကြိုးစားရာမှာ တိုင်းရင်းသားအချင်းချင်းကုန်း တိုက်၊ သပ်လျှိုသွေးခွဲတယ်။ စာပေစကား၊ ကိုး ကွယ်မှုဘာသာ ကွဲပြားခြားနားအောင်လုပ်ဆောင်ခဲ့တယ်။ သမိုင်းကြောင်းရှည်လျားစွာချစ်ချစ်ခင်ခင်နေထိုင်လာကြတဲ့ မြန်မာတိုင်းရင်းသားတွေကြားမှာ လွတ်လပ်ရေးမတတ်သာလို့ပြန်ပေးလိုက်ခဲ့ရပေမယ့် နည်းမျိုးစုံနဲ့ကုန်းချောသွေးခွဲတာဟာ နှစ်ပေါင်းကြာလာတော့ ဒဏ်ရာဒဏ်ချက်တွေလည်း ရလာခဲ့ပါတယ်။
သွေးခွဲခြင်း
ကချင်က တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ကယားကတစ်နည်း၊ စိတ်ဝမ်းကွဲပြားနေကြရင် လွတ် လပ်ရေးဟာ ယနေ့လွတ်လပ်ရေးရပြီး နောက်တစ်နေ့သူများလက်ထဲ ပြန်ပါသွားလောက်အောင် အန္တရာယ်ကြီးမားလှတယ်နော်လို့ အသက် ၃ဝကျော်မျှသာရှိသေးတဲ့ အမျိုးသားလွတ်လပ် ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အကြိမ်ကြိမ်သတိပေး လမ်းညွှန်ခဲ့တယ်နော်။ပြည်သူပြည်သားအများစုက မသိကြပေမယ့် အိမ်နားနီးချင်းတွေရဲ့ အချို့အချို့အစိုးရတွေရဲ့လက် ထက်မှာ မြန်မာပြည်ကို စားချင်ဝါးချင်တဲ့ မျက် လုံးရွဲကြီးတွေနဲ့ သွားရည်ကျပြီး ပါးစပ်တပြင်ပြင် ဖြစ်နေခဲ့တာ စာရေးသူတို့ မြင်ရပါရဲ့။ သတိ ပြုမိခဲ့တာပဲ။
မြင်အောင်ကြည့်
ဘုရင့်နောင်ကျော်ထင်နော်ရထာလက်ထက်ကစိုးမိုးခဲ့တဲ့ အယုဒ္ဓယ၊ လင်းဇင်း၊ ဇင်းမယ်စတဲ့ နယ်မြေများဟာ မြန်မာဘုရင့်သြဇာခံလက် အောက် နှစ်ပေါင်း ၂၄၂ နှစ်ကြာအောင် အေးချမ်းတည်ငြိမ်ခဲ့ပါရဲ့။ မြန်မာသြဇာ။
ဆင်ဖြူရှင်လက်ထက်မှာ နယ်စပ်အငြင်းပွားမှုမှစကာ အယုဒ္ဓယထိအောင် စစ်ချီသိမ်းပိုက်ခဲ့ဖူးတယ်။ နှစ်ဆယ်ရာစုရောက်လာတော့ စီယံနိုင်ငံက ထိုင်းနိုင်ငံအမည်ပြောင်းပြီး သံလွင်မြစ်အရှေ့ဘက်အပါအဝင် ပိုမိုကျယ်ဝန်းတဲ့ဘုရင့်နိုင်ငံတော်ဖြစ်ဖို့ကြံစည်နေခဲ့တယ်။ ထိုင်းတပ်မတော်ကိုလည်း Greater Thailand နိုင်ငံတော်ပိုမိုကျယ်ဝန်း စေရမယ်ဆိုတာ ခံယူချက်သွင်းပေးထားတယ်။
မြောက်ဘက်နယ်မြေမှ ကျူးကျော်လာခြင်းများကိုတော့ ပျူခေတ်၊ တကောင်း၊ ဟန်လင်း၊ သရေခေတ္တရာအထိ ကျူးကျော်လာလို့ တွန်းလှန်ခဲ့ရဖူးတယ်။ ပုဂံ ခေတ်မှာလည်း တရုတ်ပြေးမင်းဆိုတာ ပုသိမ်ထိအောင် တိမ်းရှောင်ဆုတ်ခွာပေးခဲ့ရဖူးပါရဲ့။ ဆင်ဖြူရှင်မင်း ကုန်းဘောင်ခေတ်မှာတော့ ကျူးကျော်လာသမျှ အကြိမ်ကြိမ်ကို ဆင်တပ်၊ မြင်းတပ်၊ ခြေလျင်စစ်သည်တပ်များနဲ့ အောင်မြင်စွာ တိုက်ခိုက်တွန်းလှန်ထုတ်ခဲ့တာဟာ တိုင်းရင်းသားအချင်းချင်းရဲ့ စုစည်းချစ်ခင် ညီ ညွတ်ခြင်းရဲ့ စွမ်းအားလက္ခဏာပါပဲ။ ရန်သူ့တပ်ရှေ့ဖျားက ပြင်ဦးလွင်ကားလမ်းခြောက်ထပ်ကွေ့နေရာရောက်လို့ ဧရာဝတီ၊ ဇော်ဂျီ၊ ပန်းလောင်၊ မြစ်သုံးစင်းဆုံရာ မင်းနေပြည်တော်အင်းဝကို လှမ်း မြော်မြင်တွေ့နေရပြီမို့ မြန်မာပြည်ကို သိမ်းပိုက်နိုင်မယ်ထင်ခဲ့သော်လည်း ကွတ်ခိုင်၊ သိန္ဒီ၊ ကျောက်မဲ၊ နောင်ချိုဒေသရှိ ဒေသခံလူမျိုးစုတွေက ယူနန်နဲ့ မွန်ဂိုလီးယားစစ်ကြောင်းကြီးများကို ပြောက်ကျားစစ်၊ ခြုံခိုစစ်၊ ကြားဖြတ်ဟန့်တားစစ်များနဲ့ ဖြတ်လေးဖြတ်ချိုးဖျက်တိုက်ခိုက်လိုက်တာ မိမိထက် စစ်သည်အင်အားအဆများစွာသာလွန်တဲ့ ရန်သူတွေကို တပ် ပျက်ဆုတ်ခွာ ထွက်ပြေးအောင် လုပ်ဆောင်နိုင်ခဲ့တာ စစ်သမိုင်းမှာ အထင်အရှားပဲ။
သင်ခန်းစာ
ညီညွတ်စည်းလုံးတဲ့ မိမိတို့ဒေသခံတိုင်းရင်း သားအပေါင်းရဲ့ သွေးစည်းညီညွတ်မှုဟာ အပေါင်းဂဏန်းသဘောမျှသာမဟုတ်၊ အဆများစွာကြီးမားတဲ့ စွမ်း အားကိုရရှိစေတဲ့ အမြောက်လက္ခဏာသဘောသဘာဝကြောင့် အောင်မြင်ခဲ့ကြောင်း ရှေးကာလစစ်သူကြီးများဖြစ်တဲ့ ဝန်ကြီးမဟာစည်သူ၊ ဝန်ကြီးမဟာသီဟသူရ၊ဝင်းတော်မှူးတိမ်ကြားမင်းခေါင်တို့ပေါင်းစုလို့ ခုခံပိတ်ဆို့ချေ မှုန်းခဲ့ကြကြောင်း လက်တွေ့သာဓကတွေ ရှိပေတယ်။
အသေးအတုတ်၊ အတိုအရှည် မတူညီတဲ့ လက် ချောင်းလေးတွေညီညီညွတ်ညွတ်ပေါင်းစုခုခံလိုက်ရင် ဘယ်ရန်သူမှ မခံနိုင်ဘူးဆိုတာ ကုန်းဘောင်ခေတ်က စစ်မြေပြင်တွေက သမိုင်း တင်ကာ လက်တွေ့ပြခဲ့ကြတာပဲ။
ပေါင်းစုညီညွတ်ခြင်းရဲ့ အင်အားစွမ်းအားရှိမှုကို Sunergy(ဆင်နာဂျီ)လို့ အင်္ဂလိပ်လိုခေါ်ပါတယ်။
“သမဂ္ဂါနံ တပေါ သုခေါ”ဆိုတဲ့ မြတ်စွာဘုရားဟောတော်မူတဲ့ တရားလေ။ စုပေါင်းညီညာအောင်ကြောင်းဖြာ၊ ညီညွတ်ခြင်းဟာ ချမ်းသာကိုဆောင်တယ်တဲ့။ မိမိထက်လူဦးရေသန်းပေါင်းထောင်နဲ့ချီပြီး ပိုများတဲ့ မြောက်ဘက်က နိုင်ငံကြီးနဲ့ အနောက်ဘက်က နိုင်ငံကြီးနဲ့ ရှေးနှစ်ပေါင်းလေးထောင်၊ ငါးထောင်ကြာအောင် မပြိုလဲ၊ မပျောက်ကွယ်ခဲ့ဘဲ သန်မြန်ခိုင်မာ သော မိမိတို့ တစ်ထီးတစ်နန်း နိုင်ငံသမိုင်းရှိခဲ့တယ်လေ။
နိဂုံး
အဆီကိုထုတ် အနှစ်ချုပ်ရရင် တိုင်းရင်းသားလူဦးရေသန်း ၅ဝ ကျော်မျှနဲ့ ဂျပန်နိုင်ငံထက်နှစ်ဆကျော်၊ အင်္ဂလန် နိုင်ငံထက်တောင်ပိုမိုကျယ် ဝန်းတဲ့ မြန်မာနိုင်ငံတော်ကို ပိုင်ဆိုင်တဲ့မြန်မာဆိုတဲ့ လူမျိုးဟာ ခေါင်းဆောင်ကောင်းတွေက သမိုင်းအဆက်ဆက်လက်ဆင့်ကမ်းတာဝန်ကျေခဲ့ကြလို့ပဲ။
(ဒါနဲ့ စကားမစပ်၊ ဘင်္ဂလားဒေ့ရှ်ဆိုတဲ့ နိုင်ငံဟာ လူဦးရေ ၁၆၇ သန်းကျော်(မတန်တဆထူထပ်နေထိုင်ကြပေမယ့် မြေဧရိယာ အကျယ် အဝန်းက မြန်မာပြည်ရဲ့ ငါးပုံတစ်ပုံမျှသာ ကျယ်တယ်။ ဒါ့ကြောင့် လူဦးရေကျဲပါးတဲ့ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်သာမက ဧရာဝတီမြစ် အနောက်ဘက်ကမ်းအားလုံးအပါအဝင် (Greater Bingalerdish)ပိုကြီးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုတဲ့ စိတ်ကူးအိပ်မက်ရည်ရွယ်ချက်ရှိခဲ့တာ နှစ်ပေါင်း ၅ဝ လောက်ရှိနေပြီနော်။”
အမိမြေကို သိရှိကာကွယ်နေကြဖို့ အရေးက နိုင်ငံ သားလူငယ်လူရွယ်အားလုံး၊ ကျန်းမာသန်မြန်သူမှန်သမျှတာဝန်ကိုယ်စီရှိနေကြတယ်ဆိုတာခေါင်းဆောင်အဆင့်ဆင့်က အလေးထားကြပ် မတ်နှိုးဆော်ဖို့တာဝန် မဟုတ်လား။
#PAN