
(နိုင်ငံတကာ)မေ ၂၅
ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘတ်ဇ် ရှာရစ်ဖ် တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ တရားဝင်သွားရောက်လည်ပတ်စဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က နှစ်နိုင်ငံအကြားရှိ “မပြိုကွဲနိုင်သော” ချစ် ကြည်ရေးနှင့် “ရာသီမရွေး” မဟာဗျူဟာမြောက် မိတ်ဖက်ဆက် ဆံရေးကို ပိုမိုနက်ရှိုင်းစေရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
တနင်္လာနေ့က ဘေဂျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ပြု လုပ်သည့် တွေ့ဆုံပွဲတွင် သမ္မတ ရှီက နိုင်ငံတကာအခြေ အနေများ မည်သို့ပင်ပြောင်းလဲစေကာမူ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နှင့် ဆက်ဆံရေးတိုးတက်မှုကို အမြဲ တမ်းဦးစားပေးသွားမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
ယခုခရီးစဉ်သည် အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် စစ်ပွဲအဆုံးသတ်ရေးအတွက် ပါကစ္စတန်နိုင်ငံက အဓိကကြားဝင်စေ့စပ်ပေးသူအဖြစ် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဝါရှင်တန်နှင့် တီဟီရန်အကြား ဆွေးနွေးပွဲများကို ဗဟို ချက်မှ စေ့စပ်ပေးနေသည့် ပါကစ္စတန်စစ်ဦးစီးချုပ် အာဆင် မူနီယာသည်လည်း ဝန်ကြီးချုပ် ရှာရစ်ဖ်နှင့်အတူ လိုက်ပါလာခဲ့ပြီး၊ ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖျင်ကလည်း အရှေ့အလယ်ပိုင်း ငြိမ်း ချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွင် အစ္စလာမာဘတ်၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍကို ချီးကျူးခဲ့ပြီး၊ တရုတ်နိုင်ငံအနေဖြင့်လည်း အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးအတွက် ပါကစ္စတန်နှင့်အတူ ဆက်လက်ပူးပေါင်းဆောင် ရွက်သွားမည်ဟု ဆိုသည်။
ဘေဂျင်းနှင့် တီဟီရန်အကြား နီးကပ်သော ဆက်ဆံရေး ရှိနေခြင်းကြောင့် ပါကစ္စတန်၏ ကြားဝင်စေ့စပ်ရေး ကြိုး ပမ်းမှုများတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ယခုခရီးစဉ်က များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။
ပြီးခဲ့သည့် မတ်လအတွင်းက တရုတ်နှင့် ပါကစ္စတန် နိုင်ငံ ခြားရေးဝန်ကြီးများ ဘေဂျင်း၌ တွေ့ဆုံစဉ် ငါးချက်ပါ ကနဦးဦးတည်ချက်တစ်ရပ်ကို ပူးတွဲထုတ်ပြန်ခဲ့ပြီး၊ ယင်းတွင် ငြိမ်း ချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန်နှင့် ကမ္ဘာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ရည် သယ်ယူပို့ဆောင်မှု ငါးပုံတစ်ပုံခန့် ပုံမှန်ဖြတ်သန်းရာ အရေးပါသော ရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz)အတွင်း ပုံမှန်ရေကြောင်းသွားလာမှုများကို ပြန်လည်ရရှိစေရန် တောင်းဆိုခဲ့ကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN