လားရှိုးပြည်သူ့ဆေးရုံမှာ မွေးရာပါ နှုတ်ခမ်းကွဲ/အာခေါင်ကွဲလူနာများကို ကုသပေးမည်


(ကျန်းမာရေး) ဇူလိုင် ၂

ရှမ်း/မြောက် လားရှိုးပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ/ အာခေါင်ကွဲ လူနာများကို ၅ ရက်ကြာ ခွဲစိတ်ကုသပေးသွားမယ်လို့ လားရှိုးဆေးရုံကြီးကနေ သိရပါတယ်။

အဆိုပါလူနာများကို ယခုလ ဇူလိုင်လ ၁၃ ရက်မှ ၁၈ ရက်အထိ ခွဲစိတ်ကုသပေးမည်ဖြစ်ရာ၊ ကုသလိုသူ များအနေဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ စာရင်းကြိုတင်ပေးသွင်းရမှာ ဖြစ်ပါတယ်။

လားရှိုးမြို့ကို ပြန်လည် ရယူပြီးတဲ့နောက် လားရှိုးကုတင် (၅၀၀) ပြည့်သူဆေးရုံအနေနဲ့ ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆက်တိုက် ပြုလုပ်ပေးလျက်ရှိရာ၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း၊ အသားရောင်အသားကာကွယ်ဆေးထိုးနှံပေးခြင်း၊ သွေးလွန် တုပ်ကွေးရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။

လားရှိုးပြည်သူ့ ဆေးရုံကြီးကို ၂၀၂၅ ခုနှစ် မေလ ၅ ရက်မှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN