(ပြည်တွင်း) ဇူလိုင် ၂

EV တင်သွင်းရာမှာ လျှပ်စစ်သုံးယာဉ်အရောင်းပြခန်း ဖွင့်လှစ်နိုင်ရေး အနိမ့်ဆုံး စံနှုန်းသတ်မှတ်ချက်ကို သတ်မှတ်ရာ၌ ခြံအကျယ်အဝန်း ၁၀,၀၀၀ စတုရန်းပေ (အရောင်းပြခန်းနှင့် Service Center ဧရိယာနှင့် ဧည့်နား နေခန်း၏ စုစုပေါင်းဧရိယာသည် ၅,၀၀၀ စတုရန်းပေရှိရမှာဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတ်မှတ်ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်တွင် Pilot Project ကာလအတွင်း ပြည်ပမှ လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များကို မေလ ၂၉ ရက် ရက်စွဲနဲ့ သတ်မှတ်ထုတ်ပြန်ခဲ့ရာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနှင့်ခွင့်ပြု ထားတဲ့ အစီးအရေအတွက်ကိုသာ တင်သွင်းရမယ်လို့ သိရပါတယ်။
ဒါ့အပြင် လျှပ်စစ်သုံးယာဉ်တင်သွင်းမည့်ကုမ္ပဏီက တင်သွင်းမည့်လျှပ်စစ်သုံးယာဉ်များအတွက် လိုအပ်တဲ့ အာမခံမှု၊ အပိုပစ္စည်းများ (Spare Parts) ရရှိနိုင်မှုနှင့် ရောင်းချပြီးနောက်ပိုင်း
ပြင်ဆင်မှုများ (After-Sale Service) ကို ဆောင်ရွက်နိုင်သည့် အစီအမံထားရှိရမည်ဖြစ်ကြောင်း သတ်မှတ်ထားပါတယ်။
သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုမိန့်နှင့်သက်ဆိုင်ရာ စည်ပင်သာယာရေး အဖွဲ့များထံမှ လုပ်ငန်းလိုင်စင်နှင့် လျှပ်စစ်သုံးမော်တော်ယာဉ်အသစ်များ ဖြန့်ဖြူး ရောင်းချရေး ကိုယ်စားလှယ် (Distributorship)သို့မဟုတ် အရောင်းကိုယ်စားလှယ် (Dealership)အဖြစ် တရားဝင်ခန့်အပ်ခြင်းခံရသည့် ကုမ္ပဏီ ဖြစ်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အခွန်ကင်းရှင်းကြောင်း၊ အရောင်းပြခန်းဖွင့်လှစ်မည့်နေရာ၊ အဆောက်အဦး၊ သိုလှောင်ရုံတို့ကို ထုတ်ပြန်သော စံနှုန်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။
အရောင်းပြခန်းနှင့် သိုလှောင်ရုံနေရာက ယင်းအရောင်းပြခန်းဖွင့်လှစ်မည့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်းမှသာ တည်ရှိရမည်ဖြစ်ပြီး ဗဟိုဘဏ်က အသိအမှတ် ပြုတဲ့ ဘဏ်မှာ မြန်မာငွေကျပ်သိန်း ၅၀၀ ပေးသွင်း ထားကြောင်း ဘဏ်အာမခံချက် (Bank Guarantee) တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။
ဤအမိန့်ကြော်ငြာစာပါ လျှပ်စစ်သုံးယာဉ်ဟူသောစကားရပ်တွင် လျှပ်စစ်သုံးလူစီးယာဉ်နှင့် ခရီးသည်တင် ယာဉ်တို့အကျုံးဝင်ပြီး ဘက်ထရီသုံး လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle-BEV) ယာဉ်များသာ ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်အထိအကျိုးသက်ရောက်စေရးမည်ဖြစ်ပါတယ်။
ပူးတွဲဖော်ပြချက်အရ လျှပ်စစ်သုံးယာဉ်အရောင်းပြ ခန်းဖွင့်လှစ်နိုင်ရေး အနိမ့်ဆုံးစံနှုန်းသတ်မှတ်ချက်များတွင် ခြံအကျယ်အဝန်း၁၀,၀၀၀ စတုရန်းပေ ရှိမှာ ဖြစ်ပါတယ်။
အသေးစိတ်အနေဖြင့် အရောင်းပြခန်းနှင့် Service Center ဧရိယာနှင့် ဧည့်နားနေခန်း၏ စုစုပေါင်းဧရိယာသည် ၅,၀၀၀ စတုရန်းပေရှိရမှာဖြစ်ပြီး ၅,၀၀၀ စတုရန်းပေ (အမိုး၊ အကာ တည်ဆောက်ပြီးဖြစ်ရမည်၊ သိုလှောင်ရုံအတွင်းရှိ ပစ္စည်းများရှင်းလင်းပြီးဖြစ်ရမည်ဖြစ်သလို ၅၀ စတုရန်းပေ Distributor/Dealer အဖြစ် ခန့်အပ်ခံရတဲ့ ယာဉ်၏ အမှတ်တံဆိပ်ကို နိုင်ငံတကာစံနှုန်းနှင့်အညီ တပ်ဆင်ရမှာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews