(ပြည်တွင်း) ဇွန်လ ၂၈

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်အတွင်းရှိ အောင်မြေသာစည် အလယ်တိုက်မကြီးမှာ ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ပြန်လည်ပြုပြင်မွန်းမံရန် သီတဂူဆရာတော်ကြီးမှ အလှူငွေ ကျပ်သိန်း ၁,၀၀၀ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
အလှူတော်ငွေပေးအပ်ပွဲကို ဇွန်လ ၂၇ ရက်က မဟာဝိသုဒ္ဓါရုံ တိုက်သစ်၊ အောင်မြေသာစည်အလယ်တိုက်တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို အဝေရာရာ မရန်ကင်း ဆရာတော်ကြီးအမှူးပြု၍ ဆရာတော်၊ သံဃာတော်များ၊ သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာအကယ်ဒမီ၏ အုပ်ချုပ်ရေးမှူး ဆရာတော်များ၊ မန္တလေးတိုင်း ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
သီတဂူဆရာတော်ကြီးလှူဒါန်းတဲ့ အလှူငွေကျပ်သိန်း ၁,၀၀၀ ကို ဆရာတော်ကြီးကိုယ်စား ကပ္ပိယမှ လှူဒါန်းပြီး ကျောင်းတိုက်ကိုယ်စား မန္တလေးတိုင်းဝန်ကြီးချုပ်က လက်ခံရယူခဲ့ပါတယ်။
ဒါ့အပြင် ကျောင်းတိုက် ကြီးပြန်လည်ပြုပြင်မွန်းမံနိုင်ရန် အဝေရာရာမရန်ကင်းဆရာတော်ကြီးမှ အလှူငွေကျပ်သိန်း ၃၀၀၊ တရုတ်နိုင်ငံ၊ မကာအိုမြို့နေ ဒေါက်တာအရှင် ဥက္ကံသာစာရမှ အလှူငွေကျပ်သိန်း ၃၀၊ မန္တလေးတိုင်းအစိုးရအဖွဲ့မှ ဘိလပ်မြေအိတ် ၁၀၀ တို့ကို အသီးသီး လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews