မလှိုင်မြို့နယ် ကျေးရွာတစ်ရွာက ကျောင်းဆရာတစ်ဦးကို PDF အကြမ်းဖက် အဖွဲ့တွေ ဖမ်းဆီးခေါ်ဆောင်သွား

(မှုခင်း) ဇွန် ၂၆


မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကျေးရွာတစ်ရွာမှာ စာသင်ကြားနေတဲ့ လက်ထောက်မူလတန်းပြ ကျောင်းဆရာတစ်ဦးကို PDF အကြမ်းဖက် အဖွဲ့တွေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူမှာ မလှိုင်မြို့နယ်၊ ရေထွက်ကျေးရွာမှာ နေထိုင်တဲ့ မြစ်ကျင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းက လက်ထောက်မူလတန်းပြ ကျောင်းဆရာဖြစ်သူ အသက် ၂၇ နှစ်အရွယ် ဦးမျိုးမြင့်ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ မနက် ၁၀ နာရီ ၄၀ မိနစ်က အဆိုပါကျောင်းဆရာမှာ ထွက်ကျေးရွာက မိမိနေထိုင်တဲ့ နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်သမား အင်အား(စိစစ်ဆဲ)က မော်တော်ယာဉ် ၁ စီးနဲ့ ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆို ဖမ်းဆီးမှု သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခံရသူ ကျောင်းဆရာကို ပြန်လည်ကယ်တင်နိုင်ရေး လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းစဉ်တွေဆောင်ရွက်နေလျက် ရှိနေကြတယ်လို့ သိရပါတယ်။

#PAN