ပင်စင်ထုတ်ရန် UID-QR ပြရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် သက်ကြီး ပင်စင်စားတစ်ချို့ အခက်အခဲကြုံတွေ့နေ


(ပြည်တွင်း) ဇွန်လ ၂၆

အငြိမ်းစားပင်စင်စားကြီးတွေ ပင်စင်ထုတ်ယူရာမှာ လဝက စမတ်ကတ်လို့ခေါ်တဲ့ Unique Identification Number (UID) QR ကုဒ်ပါပြသရမှာြဖစ်လို့ အသက်ကြီးပင်စင်စားတစ်ချို့နဲ့ မသန်စွမ်းတော့တဲ့ ပင်စင်စားတွေ စမတ်ကဒ်ပြုလုပ်ရာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

“ဘဏ်က UID-QR မိတ္တူတောင်းတယ်။ လွန်ခဲ့တဲ့ ဇွန် ၂၃ ရက်နေ့ကတောင်းတာ ၃ ရက်အချိန်ပေးတယ် ၃ ရက်အတွင်းပေးရင်ပေး မပေးရင် နောက်လဆိုဒါတွေကိုတင်ခွင့်မပေးဘူးဆိုတော့ ပင်စင်လစာမပေးတော့ဘူးလို့သူပြောတာ။ အဲ့ဒီလိုပြောတော့ အသက်ကြီးသူတွေကလုပ်ရတာအကုန်အခက်အခဲဖြစ်နေတယ်။ အသက် ၇၀ လောက် ဆိုရင်တော့အရေးမကြီးဘူးဗျ ဒုက္ခိတ တွေကျတော့ မလာနိုင်တဲ့သူတွေအများကြီး အဲ့ဒီအထဲမှာ အသက် ၉၀ ကျော်တွေလည်းပါတယ် မသန်စွမ်းတွေလည်းပါတယ်။ သူတို့တွေ ဒုက္ခရောက်ကြရတယ်” လို့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့က အငြိမ်းစားဝန်ထမ်းကြီးတစ်ဦးက PAN ကို ပြောပါတယ်။

“ဘဏ်က အချက်အလက်မှားတယ်ဆိုလို့ လဝကသွားရတယ်။ လဝကမှာတန်းစီရတယ်။ ပြီးရင်ကွန်ပြူတာကိုင်စီကိုသွားရတယ်။ ဦးစီးမှူးဆီမှာ ပြန်ပြီးလက်မှတ်ထိုးရတယ်။

အဲဒါမပြီးသေးဘူး နောက်ရက်မှာပြင်ပြီးတာကို ဦးစီးမှူးကိုပြန်ပြရတယ်။ တစ်ရက်ကို ၅၀ လောက်ပဲလုပ်နိုင်တယ်။ အဲဒီတော့ သက်ကြီးရွယ်အိုတွေနဲ့ ဒုက္ခိတတွေအတွက် ဒုက္ခတအားရောက်ကြ ရတယ်”လို့သူကဆက်ပြောပါတယ်။

အငြိမ်းစာပင်စင်လစာတွေထုတ်ယူရာမှာ မြန်မာ့စီးပွားရေးဘဏ်ကထုတ်ပေးထားတဲ့ အငြိမ်းစားစမတ်ကဒ်အပြင် လဝကရဲ့ UID-QR ကိုပါမိတ္တူပေးဖို့ ညွှန်ကြားချက်ကြောင့် တောင်းယူရတာဆိုတဲ့ ဘဏ်ရဲ့ပြောဆိုချက်ကို ကြားသိခဲ့ရတယ်လို့ ပင်စင်သွားရောက်ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်းအငြိမ်းစာတစ်ဦးကပြောတယ်။

ပင်စင်စားတွေအနေနဲ့ ဘာကြောင့်လဲဆိုတဲ့ ပြန်လည်မေးမြန်းချက်ကို မမေးမြန်းပဲ ရတဲ့ အချိန် ၃ ရက်အတွင်း UID-QR အမြန်ရဖို့သာလုပ်ဆောင်ခဲ့ရတယ်လို့ အငြိမ်းစား ပင်စင်စားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်းအပြည့်အစုံဖတ်ရန်..
https://positiveanglenews.com/2025/06/26/မင့်စ်မြို့သို့ရောက်ရှ/

VK Link>>…
https://vk.com/wall-220066330_12457

Telegram»…
https://t.me/positiveanglenews

PAN