ချမ်းမြသာစည်မြို့နယ်တွင် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်


(ပြည်တွင်း) ဇွန်လ ၂၆

မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ်၊ချမ်းမြသာစည်(တောင်)ရပ်ကွက်၊ချမ်းမြသာစည် လေဆိပ်ဟောင်းအတွင်းတွင် ယနေ့နံနက်၇နာရီ၅၀မိနစ်အချိန်က (၃၈)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ ဖျက်ဆီးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးမျိုးအောင် ၊အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှုးချုပ် ကျော်ကိုထိုက်၊တပ်နယ်မှုး ဗိုလ်မှုးချုပ် သိန်းထွန်းတင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး နေလင်းစိုး၊ တရားသူ ကြီးချုပ် ဒေါ်ခင်သင်းဝေ၊ ဥပဒေချုပ် ဦးမြင့်အောင်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှုး ဦးဝေဇင်ထွန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ်(၂)ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ရဲထောက်ချုပ် ရဲမှုးချုပ် မောင်မောင်ဦး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုး ရဲမှုးချုပ် ဝင်းဗိုလ်နှင့်တပ်ဖွဲ့မှုးများ၊ ရဲအရာရှိကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေးအခြေစိုက် တရုတ် ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Gao Ping၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ် Mr.Sundeep Kaushal နှင့် သံရုံးဝန်ထမ်းများ၊တက္ကသိုလ်/ကောလိပ်၊ အခြေခံ ပညာကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊နိူင်ငံရေးပါတီများ၊ စစ်မှုထမ်းဟောင်း များ၊ လူမှုရေးအသင်းအဖွဲ့များ၊ဖိတ်ကြားထားသူများ၊စုစုပေါင်းအင်အား ၁၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးအောင်မှအဖွင့်အမှာစကားပြောကြားခြင်း၊(၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံး မှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သည့် သဝဏ်လွှာအား မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး နေလင်းစိုးမှဖတ်ကြားခြင်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုး ရဲမှူးချုပ် ဝင်းဗိုလ်မှ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို စွမ်းစွမ်းတမံကြိုးစား ဆောင်ရွက်ခဲ့သည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း ဗွီဒီယိုပြသခြင်း၊ဧည့်သည်တော်များနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့၍ ဆုရရှိသူများ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်း၊တက်ရောက် လာသည့် ဧည့်သည်တော်များမှ မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများအား ကြည့်ရှုစစ်ဆေးခြင်း၊ပြခန်းများအား လှည့်လည်ကြည့်ရှုခြင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် သီရိပျံချီ ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှုးချုပ် ကျော်ကိုထိုက်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး နေလင်းစိုး၊ တရားသူ ကြီးချုပ် ဒေါ်ခင်သင်းဝေတို့မှ ဖမ်းဆီးရမိသည့် အမှုပေါင်း (၁၃၆၉)မှုမှ မူးယစ်ဆေးဝါးအမျိုးအစား (၁၁)မျိုး၊ စိတ်ပြောင်းဆေး ဝါး (၁၅)မျိုး၊ ထိန်းချုပ်ဓာတုပစ္စည်း (၈)မျိုး၊ အခြားဆက်စပ်ဓာတု ပစ္စည်း (၉)မျိုး၊စုစုပေါင်း (၄၃)မျိုး၊တန်ဖိုး မြန်မာငွေ ကျပ်သန်းပေါင်း (၂၉၅.၂၆၉၄၆)ဘီလီယံ၊ အမေရိကန်ဒေါ်လာသန်းပေါင်း(၈၂.၀၁၉၂၉) သန်းခန့်အား စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကာ ၀၉:၃၀ အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN