ရှမ်းပြည်နယ်(အရှေ့)နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်း စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ


(မှုခင်း) ဇွန်လ ၂၃

ရှမ်းပြည်နယ်(အရှေ့)၊ တာချီလိတ်မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တို့တွင် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။

ရှမ်းပြည်နယ်(အရှေ့)၊ တာချီလိတ်မြိုနယ်၊ ဖန်မင်ကျေးရွာအုပ်စု မယ်ယန်းကျေးရွာရှိ ဒေါ်နန်းဝိုးခမ်း၏ အိမ်ငှားတိုက်ခန်းအား ဇွန်လ ၂၁ ရက်နေ့နံနက်ပိုင်းက ဝင်ရောက်ရှာဖွေရာ အခန်းအမှတ် (၆)တွင် စိုင်းယီ(ခ)ကျိုင်းယီ၊ အိုက်လွှ၊ စိုင်းဆိုင်နှင့် စိုင်းခေးခမ်းတို့ လေးဦးနှင့်အတူ အက်တက်စီဆေးပြား ၅၀၆၀ (တစ်ပြားလျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၀၂၄ သိန်း)၊ ကက်တမင်း ၀ ဒသမ ၅၅ ကီလို(တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၅ သိန်း)၊ ERIMIN 5 ဆေးပြား ၇၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၃၅ သိန်း) နှင့် စိတ်ပြောင်းဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော အပြာရောင် မွှေစက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိသဖြင့် စိုင်းယီ(ခ)ကျိုင်းယီ၊ ၂၅ နှစ်၊ အိုက်လွှ၊ ၂၈ နှစ်၊ စိုင်းဆိုင်၊ ၂၇ နှစ်နှင့် စိုင်းခေးခမ်း ၊ ၂၄ နှစ်တို့လေးဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် (၁၂)ရပ်ကွက်ခွဲ၊ အောင်ဖြိုးဝေလမ်းနေ ပွင့်ဦး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၃၈ သိန်း) ဖမ်းဆီးရမိသဖြင့် ပွင့်ဦး၊ ၅၇ နှစ်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN