မုဒုံတွင် ဘိန်းစာရွက်နှင့် မူးယစ်ဆေးဝါး များဖမ်းဆီးရမိ

(မှုခင်း) ဇွန် ၁၉

မုဒုံမြို့နယ် ထုံမံကျေးရွာ၊ လမ်းမကြီးပိုင်းတွင်နေထိုင်သူ၏ နေအိမ်တွင် မူးယစ်ဆေးဝါးရောင်းချနေတယ်ဆိုတဲ့သတင်းအရ လုံခြုံရေးတပ်ဖွဲ့များမှဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများဖြစ်သည့် ဘိန်းစာရွက်များနှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့် တွင် ၎င်း၏နေအိမ်အား ဝငိရောက်ရှာဖွေရာ သိန်းထွဋ်ဦး(ခ)အပဲ့အား နေအိမ်အောက်ထပ်ဧည့်ခန်းတွင် ထိုင်နေသည်ကိုတွေ့ရှိရပြီး ၎င်းထိုင်နေသည့်အရှေ့တွင် ရောင်စုံကြွပ်ကြွပ်အိတ်များဖြင့် ထည့်လျှက်(၁)ထုပ်လျှင်(၁) ကီလိုခန့်ပါ ဘိန်းစာရွက်စာရွက်ဟုယူဆရသော အစိမ်းရောင်အရွက်(အစို)(၃၂)ထုပ်၊ အလေးချိန်(၃၂) ကီလိုခန့်၊ ကာလတန်ဘိုး ဘိန်းစာရွက်(၁)ကီလိုလျှင်(၂၀၀၀၀ိ/)ကျပ်ဖြင့် စုစုပေါင်း (၆၄၀၀၀၀ိ/)ကျပ်အားလည်းကောင်း၊ ၎င်းအိပ်သည့် အိပ်ခန်းအတွင်းရှိ ခေါင်းရင်ဘက် ပြူတင်းပေါက်ဘောင်ပေါ်တွင် Black Cookies တံဆိပ်ပါ ဘီစကစ်အိတ်အခွံတွင် အပြာကပ်ခွါ အိတ်အတွင်း WY စာတမ်းပါပန်းရောင်စိတ်ကြွဆေးပြား(၁၄၃)ပြား၊ R စာတမ်းပါပန်းရောင်စိတ်ကြွဆေးပြား(၁၅)ပြား၊ R စာတမ်းပါ အစိမ်းရောင် စိတ်ကြွဆေးပြား(၂)ပြား၊ စုစုပေါင်းဆေးပြား(၁၆၀)ပြား၊အလေးချိန်(၁၄.၄)ဂရမ်ခန့်၊ ကာလတန်ဘိုး ဆေးပြား (၁)ပြားလျှင်(၃၀၀၀)ကျပ်ဖြင့်(၄၈၀၀၀၀ိ/)ကျပ်အားလည်းကောင်း ရှာဖွေတွေ့ရှိ သက်သေများနှင့်အတူ ရှာဖွေတွေ့ရှိခဲ့ကြကြောင်းသိရသည်။

စစ်ဆေးချက်များအရ ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် ၎င်းသည်ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာအနီး ရာဘာခြံအတွင်းတွေ့ရှိသော အသက်(၃၅)နှစ်ခန့်၊ အမည်မသိ ကရင်လူမျိုးအမျိုးသား တစ်ဦးထံမှ ဆေးပြား(၁)ထုပ်လျှင်(၄)သိန်းကျပ်နှုန်းဖြင့်လည်းကောင်း ဘိန်းစာရွက်(၁)ထုပ်လျှင် (၈၀၀၀)ကျပ်နှုန်းဖြင့် ဘိန်းစာရွက်(၄၀)ထုပ်တို့အား ဝယ်ယူခဲ့ပြီး သုံးစွဲရောင်းချရာမှ ကျန်ရှိသော မူးယစ်ဆေးဝါးများဖြစ်ကြောင်း သိရသည်။

ဘိန်းစာရွက်များနှင့်စိတ်ကြွရူးသွပ် ဆေးပြားများအား သုံးစွဲရောင်းချရန် လက်ဝယ်ထားရှိသူ သိန်းထွဋ်ဦး(ခ)အပဲ့၊ (၃၅)နှစ်၊ (ဘ)ဦးဘာထီးအား မယ (ပ)၇/၂၀၂၅၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးဥပဒေပုဒ်မ -၁၉(က)အရ အမှုဖွင့်ထားရှိပြီး ဥပဒေအရ အရေးယူ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#PAN