ဝက်စာကျင်းကျေးရွာအနီးတွင်တိုက်ပွဲပြင်းထန်ခဲ့

(ပြည်တွင်း) ဇွန် ၁၉

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် အတွင်းရှိ ပဒါန်း-အမ်းလမ်းပိုင်း (လမ်းသစ်) စပ်စီအုပ်စု၊ ဝက်စာကျင်း-ညောင်ပင်ကုန်းနှင့် ကားလမ်းအကြားသို့ အကြမ်းဖက်သောငကျန်းသူများရောက်ရှိနေကြောင်း လုံခြုံရေးအဖွဲ့မှ သွားရောက်ရှင်းလင်းစဥ် တိုက်ပဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

လုံခြုံရေးစစ်ကြောင်းများသည် ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်အတွင် ဝက်စာကျင်းကျေးရွာအနီးသို့ အရောက်တွင် အကြမ်းဖက်သောင်းကျန်းသူများမှ တစ်ရာကျော်ခန့်မှ စောင့်ကြိုတိုက်ခိုက်သဖြင့် မိနစ်(၂၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများအား လုံခြုံရေးအဖွဲ့မှ ဒရုန်း/ လက်နက်ကြီးပစ်ကူများဖြင့် ချေမှုန်းခဲ့ခြင်းကြောင့် ခုခံနိုင်ခြင်းမရှိပဲ ထိခိုက်သေဆုံးမှုများစွာဖြင့် နံနက် ၁၀ နာရီခွဲခန့်တွင် သောင်းကျန်းသူများမှ မင်းလှမြို့နယ်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်းသိရသည်။

အလားတူ မိမိနတ်ရေကန် စခန်းအား ရန်သူများ ချောင်းမြောင်းနေကြောင်း ကင်းထောက်သိရှိရသဖြင့် နတ်ရေကန်စခန်း-တာဝါတိုင်ကုန်းစခန်း ပတ်ချာလည်နှင့် ပဇီ-ခွန်ဇူ ကော်ဖီခြံ-တောရကျောင်း-ဂုတ်ကြီးရွာတဝိုက်ရှိ ရန်သူများအား နံနက် ၆ နာရီခွဲခန့်မှစတင်၍ Y-12 လေယာဉ်ဖြင့် ဗုံးအလုံး(၅၀)ခန့် ကြဲချကာ ချေမှုန်းခဲ့ကြောင်း သိရသည်။

#PAN