(ပြည်တွင်း) ဇွန်လ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သီရိမင်္ဂလာရပ်၌ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲအားပြန်လည်ဖြေဆိုရန် ရောက်ရှိတည်းခိုနေသည့် ကျောင်းသားများ၏မိဘများအား ဇွန်လ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က PDF အကြမ်းဖက်အဖွဲ့မှ ခြိမ်းခြောက်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၊ ကုလားတဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူ ၉ ဦးအနက် မခင်သက်ထား၊ မဂျူးဂျူးစုလှိုင်၊ မတိုးအိဝေ၊ မယမင်းသူ၊ မမြမြသက်၊ မောင်ချမ်းမြေ့အောင်တို့ ၆ ဦးတို့၏ မိဘများအား PDF အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်ခဲ့သဖြင့် ကျောင်းသားမိဘများက ၎င်းတို့၏သား၊ သမီးများအား တည်းခိုသည့်နေရာမှ ပြန်လည်ခေါ်ဆောင် သွားကြောင်းနှင့် ကျန်ရှိသည့် မောင်အာကာချမ်းမြေ့ကျော်၊ မောင်ထွန်းနိုင်လင်းနှင့် မောင်တင်ဦးလှိုင်တို့ ၃ ဦးအား ၎င်းတို့၏မိဘများက လာရောက်ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကသက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲပြန်လည်ဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ကျောင်းသားမိဘများအား ခြိမ်းခြောက်ခြင်းများလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် နိုင်ငံ့မျိုးဆက်သစ်ကလေးငယ်များ၏ပညာရေး တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက်စာများပေးပို့ခြင်း၊ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များကိုလုပ်ဆောင်လျက်ရှိသည်။
Telegram»…
https://t.me/positiveanglenews