လီဝန်ဒေါစကီး နဲ့ အဆင်မပြေဖြစ်ပြီး နည်းပြရာထူးမှ နုတ်ထွက်ခဲ့တဲ့ ပိုလန်အသင်းနည်းပြ ပရိုဘီယာ


(အားကစား) ဇွန်လ ၁၅

နည်းပြ ပရိုဘီယာ ဟာ တိုက်စစ်မှူး လီဝန်ဒေါစကီး နဲ့ အဆင်မပြေဖြစ်ပြီးနောက် ပိုလန်လက်ရွေးစင် အသင်းနည်းပြရာထူးမှ နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။

တိုက်စစ်မှူး လီဝန်ဒေါစကီး က နည်းပြ ပရိုဘီယာ ရဲ့ လက်အောက်တွင် ကစားလိုခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားပြီးနောက် ရက်ပိုင်းအကြာမှာပင် ပိုလန်လက်ရွေးစင် အသင်း နည်းပြရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်ပါတယ်။

နည်းပြ ပရိုဘီယာ အနေနဲ့ ပိုလန်လက်ရွေးစင်အသင်းကို ၂ဝ၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ဝ ရက်မှာ စတင်တာဝန်ယူခဲ့ပြီး ပြိုင်ပွဲ ၂၁ ပွဲတွင် ကိုးပွဲနိုင်၊ ငါးပွဲသရေ၊ ခုနစ်ပွဲရှုံး ရလဒ်ပိုင်ဆိုင်ခဲ့ပါတယ်။

အသက် ၅၂ နှစ်အရွယ် ပရိုဘီယာ က ပိုလန်လက်ရွေးစင်အသင်း နည်းပြရာထူးမှ နုတ်ထွက်ခဲ့ပြီဖြစ်ကြောင်းနဲ့ လက်ရှိအခြေအနေအရ လက်ရွေးစင်အသင်း ကောင်းဖို့ အတွက် နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN