(မှုခင်း) ဇွန်လ ၁၆

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်ရှိ ငလျင်ဘေးသင့် ဝန်ထမ်းအိမ်ရာ၌ မီးကြိုးများ ဖြတ်တောက်ခိုးယူသူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ပညာသိဒ္ဓိရပ်ကွက်အရောက်၌ လူနေထိုင်ခြင်းမရှိသည့် တိုက်အမှတ်(၂၇)ပေါ်မှ အသံကြားရ၍ တက်ရောက် စစ်ဆေးခဲ့ရာ လျှပ်စစ်မီးကြိုးများဖြတ်တောက်ခိုးယူနေသည့် ဥတ္တရသီရိမြို့ နယ်၊ ငန်းစပ်ကျေးရွာ နေသူများ
ဖြစ်ကြသည့် ဇော်ဇော်အောင်၊ ၃၉ နှစ်နှင့် ထက်လင်းကို၊ ၂၅ နှစ်တို့ ၂ ဦးအား လျှပ်စစ်မီးကြိုး ၁၁ ပိသာခန့်နှင့် လျှပ်စစ်မီးကြိုးဖြတ်တောက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မီးကြိုးဖြတ်တောက်ခိုးယူသူ ၂ ဦးအား ဇမ္ဗူသီရိမြို့ နယ်၊ အမှတ်(၅)နယ်မြေရဲစခန်း (ပ)၁၉/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews