(နိုင်ငံတကာ) ဇွန်လ ၁၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် ဝါရှင်တန်မြို့တော်၌ စစ်ရေးပြချီတက်ပွဲ အခမ်းအနား တစ်ရပ်ကို ဇွန်လ ၁၄ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကျင်းပခြင်းသည် သမ္မတထရမ့်၏ ၇၉ နှစ်မြောက် မွေးနေ့နှင့်တိုက်ဆိုင်နေပြီး အမေရိကန်တစ်ဝန်းရှိ ပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ယခုကျင်းပသည့် စစ်ရေးပြအခမ်းအနားသည် သမ္မတလင်ကွန်းဂူဗိမာန်အနီးမှ အိမ်ဖြူတော်၏ ဘေးဘက်ခြမ်းရှိ လမ်းကြောင်းအတိုင်းချီတက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် မကြာမီအချိန်တွင် ယခင်ကထက် ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က သူ၏မိန့်ခွန်းတွင်ခဲ့ကြောင်း သိရသည်။
စစ်ရေးပြ အခမ်းအနားတွင် စစ်သည် ၆,၇၀၀ ခန့်ပါဝင်ပြသပြီး တင့်ကားများအပါအဝင် စစ်ကားအစီးရေ ၁၅၀ ခန့်နှင့် Blackhawk ရဟတ်ယာဉ်များအပါအဝင် လေယာဉ်အစီးရေ ၅၀ ခန့် ပါဝင်ပြသခဲ့ကြောင်း အမေရိကန် တပ်မတော်က ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ရေးပြအခမ်းအနားအတွက် အမေရိကန်ဒေါ်လာ ၄၅ သန်းခန့် ကုန်ကျ မည်ဟု အမေရိကန်တပ်မတော်က ခန့်မှန်းပြောကြားသည်။ ယခုစစ်ရေးပြပွဲအခမ်းအနားသည် ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲအပြီး သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ် လက်ထက်တွင် ကျင်းပခဲ့သည့် စစ်ရေးပြပွဲအခမ်းအနားပြီး နောက် ဝါရှင်တန်မြို့တော်၌ အခမ်းအနားဆုံးသော ပထမဆုံးစစ်ရေးပြ ချီတက်ပွဲဖြစ်ကြောင်း အမေရိကန် မီဒီယာ များကပြောကြားခဲ့ကြောင်း သိရသည်။
စစ်ရေးပြပွဲအခမ်းအနား ကျင်းပလျက်ရှိစဉ် နိုင်ငံတစ်ဝန်း၌ ပြည်သူများက သမ္မတထရမ့်အား ဆန့်ကျင်ကြောင်း စာသားများပါရှိသည့် လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ နေရာပေါင်း ၂,၁၀၀ ကျော်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်သူ အနည်းဆုံး ပြည်သူ ငါးသန်းပါဝင်ကြောင်း NHK သတင်းဌာန၏ ဖော်ပြ ချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews