နာပိုလီအသင်းနှင့်အတူ အောင်မြင်မှုများ ရယူသွားမယ်လို့ ပြောခဲ့တဲ့ ဒီဘရိုင်း


(အားကစား) ဇွန်လ ၁၅

နာပိုလီအသင်းရဲ့ ကွင်းလယ်ကစားသမားသစ် ဒီဘရိုင်း က နာပိုလီအသင်းနှင့်အတူ အောင်မြင်မှုများ ရယူသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကွင်းလယ်ကစားသမား ဒီဘရိုင်း ဟာ မန်စီးတီးအသင်းနဲ့ လမ်းခွဲပြီးနောက် နာပိုလီအသင်းသို့ နှစ်နှစ်စာချုပ် ချုပ်ဆိုကာ ပြောင်းရွှေ့ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။

ဒီဘရိုင်း အနေနဲ့ မန်စီးတီးအသင်းနှင့်အတူ ၂၀၁၅-၂ဝ၁၆ မှ ၂ဝ၂၄-၂၀၂၅ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၄၂၂ ပွဲကစားပြီး ၁ဝ၈ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် နာပိုလီ အသင်းက ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဒီဘရိုင်း က နာပိုလီအသင်းနဲ့အတူ အောင်မြင်မှုများစွာ ရယူသွားမှာဖြစ်ပြီး နွေးထွေးစွာ ကြိုဆိုပေးခဲ့တဲ့ အသင်းတာဝန်ရှိသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN