(အားကစား) ဇွန်လ ၁၅

ရီးရဲလ်မက်ဒရစ်အသင်း လူငယ်တိုက်စစ်ကစားသမား ရိုဒရီဂို က အသင်းမှထွက်ခွာမည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီးနောက် အသင်းတွင် ဆက်လက်ကစားရန်သာ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အသက် ၂၄ နှစ်အရွယ် ရိုဒရီဂို ဟာ ၂၀၁၉ ခုနှစ်က ဆန်းတို့စ်အသင်းမှ ပြောင်းရွှေ့ခဲ့ပြီးနောက် အစောပိုင်း နှစ်များက ပွဲအနည်းငယ်သာ ပါဝင်ကစားခွင့်ရရှိခဲ့သော်လည်း ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေသူဖြစ်ကြောင်း သိရသည်။
ရီးရဲလ်မက်ဒရစ်အသင်းက ရိုဒရီဂို ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင် ခဲ့ရာတွင် ရိုဒရီဂို က လက်ရှိရရှိနေတဲ့ လုပ်ခလစာထက် ပို၍တောင်းဆိုခဲ့တာကြောင့် အသင်းပရိသတ်များရဲ့ ဝေဖန်မှုများနဲ့ ရင်ဆိုင်ခဲ့ကြောင်း သိရသည်။
ရီးရဲလ်မက်ဒရစ်အသင်းကလည်း လုပ်ခလစာ ပိုမိုပေးချေလိုခြင်း မရှိတဲ့အတွက် အသင်းမှထွက်ခွာလိုပါက လက်ရှိနွေရာသီ ကစားသမားအပြောင်းအရွှေ့တွင် မြင့်မားသည့် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ရောင်းချရန်စီစဉ်ထားခဲ့ကြောင်း သိရသည်။
ရိုဒရီဂို ကိုယ်တိုင်က လက်ရှိနွေရာသီ အပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်မှ ထိပ်တန်းအသင်း တစ်သင်းသို့ ပြောင်းရွှေ့ကစားရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ယခုအခါ ကစားသမားကိုယ်တိုင်က ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး အသင်းတွင်သာ ဆက်လက်ကစားသွားမည်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews