(ပြည်တွင်း) ဇွန်လ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာ၊ လေထီး(၁၆)လမ်း၊ ပူးပေါင်းစစ်ဆင်ရေးနှင့် လေထီးသင်တန်းကျောင်း အုတ်တံတိုင်းဘေးတွင် ဇွန်လ ၉ ရက်နေ့ ည ၇ နာရီအချိန်က လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သော နေရာအား လုံခြုံရေးပူးပေါင်းအဖွဲ့မှ စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ဝါဖူးအထည်ချုပ်စက်ရုံမှ ဝန်ထမ်းကြိုပို့သည့် ယာဉ်အမှတ် 9B 1249 Isuzu ကန်တာ၊ ဖြူ/ပြာကြား ယာဉ်မောင်း ဦးဝင်းကျော်၊ (ဘ)ဦးကျန်အောင်၊ ၄၀ နှစ်၊ အောင်မေတ္တာ(၂)လမ်း၊ ကြက်ဖြူကန်ကျေးရွာ နေသူမောင်းပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနားသို့ ဖြတ်သန်းမောင်းနှင်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ မ(၅)ဦးတို့ ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့အား အမှတ်(၆)စစ်မြေပြင်ဆေးတပ်ရင်းသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

Telegram>>…https://t.me/positiveanglenews