(ပြည်တွင်း) ဇွန်လ ၁၁

လယ်ယာမြေကို စိုက်ပျိုးခြင်းမပြုဘဲ အကြောင်းမဲ့ လှပ်ထားတာမရှိစေဖို့ ကြပ်မတ်ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမမှာပြုလုပ်တဲ့ မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅) မှာပြောဆိုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်အတွင်းလယ်ယာမြေပြဿနာတွေကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်ဆောင်ရွက်ဖို့လိုအပ်ပြီး လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရရှိဘဲ အခြားနည်းအသုံးပြုမှု တွေနဲ့ပတ်သက်လို့ သတ်မှတ်ထားတဲ့ SOPနဲ့အညီ စိစစ်ဆောင်ရွက်နိုင်ဖို့အတွက် ခရိုင်/မြို့နယ်အဖွဲ့တွေကစနစ်တကျ ကွင်းဆင်းဆောင်ရွက်ကြဖို့ကိုလည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုထား ပါတယ်။
မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅) မှာ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ဆောင်ရွက်ထားရှိမှုတွေနဲ့ လမ်းဦးစီးအမည်ပေါက် ရရှိရေး ဆောင်ရွက်ဖို့ ပုံစံ (၇)ပျောက်ဆုံးတာကြောင့် ဒုတိယမူရင်း ဒါမှမဟုတ် မိတ္တူမှန် ပြန်လည်ထုတ်ပေးဖို့ လယ်ယာမြေဥပဒေပုဒ်မ ၃၀(ခ)အရ အခြားနည်းအသုံးပြုဖို့ ကိစ္စရပ်တွေနဲ့ ပက်သတ်ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေတွေကိုလည်း ရှင်းလင်းတင်ပြခဲ့ကြသလို တင်ပြတဲ့ အမှုတွဲတွေနဲ့စပ်လျဉ်းပြီး သက်ဆိုင်ရာအဖွဲ့ဝင်တွေက လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ ဝိုင်းဝန်းဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
Telegram>>…https://t.me/positiveanglenews