PDF က ပိတ်ခိုင်းလို့ အုတ်ဖို့အရှေ့ဘက်ခြမ်းက စာသင်ကျောင်းတစ်ချို့ပိတ်ထားရ

(ပြည်တွင်း) ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း အုတ်ဖိုမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ ဒေါင်းစပါးအုပ်စု ဂွေ့ချောင်း ကြို့ကိုးပင် ကိုင်းလေး စတဲ့ကျေးရွာတွေကစာသင်ကျောင်းတွေကို PDF က လာပိတ်ခိုင်းတာကြောင့် ပိတ်ထားရတယ်လို့ ဒေသခံတွေဆိက သိရပါတယ်။

PDF အကြမ်းဖက်သမားတွေဟာ စာသင်ကျောင်းတွေမှာ စာဆက်မသင်ဖို့ ကျောင်းတေဆွကိုပိတ်ထားဖို့ပြောဆိုခဲ့သလို ကျောင်းဖွင့်ပြီး စာဆက်သင်ပါက တာဝန်ယူမှာမဟုတ်ဘူးလို့လည်း ခြိမ်းခြောက်ပြောဆိုသွားတယ်လို့ သိရပါတယ်။

ဇွန်လ ၁၀ ရက်နေ့က ကိုင်းလေး အထက်တန်းကျောင်းကို PDF တွေရောက်ရှိလာပြီး နိုင်ငံတော်အလံကို ဖြုတ်ချခိုင်းတာကြောင့် ဖြုတ်ချထားရပြီး အထက်တန်းကျောင်းကိုပိတ်ထားဖို့ ပြောဆိုသွားတယ်လို့ သိရပါတယ်။