စိုးရိမ်ဖွယ်ရာ အနောက်ဒေသမှ အလင်းတန်းတစ်ခု

(ဆောင်းပါးကဏ္ဍ) ဇွန် ၁၁
နေဇင်လတ်

      အနောက်ဒေသစစ်ရေးဆိုင်ရာ စိုးရိမ်စရာကောင်းမှုက တစ်နေ့တခြားပိုမြင့်တက်လာတယ်။အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်မှာ အမေရိကန်စစ်စခန်းငယ် တစ်ခုတည်ဆောက်ပြီး လူသားချင်းစာနာထောက်ထားမှုခေါင်းစဉ်အောက်ကနေ Safe Corridor ကို အတင်း အကြပ်လုပ်ယူပြီး AA ကို ထောက်ပို့လုပ်မယ့် အစီ အစဉ်က အလွန်စိုးရိမ်စရာကောင်းလှတယ်။ ကျောက် ဖြူ၊ သံတွဲ၊ မာန်အောင်ကို AA ဘက်က ထိုးစစ်ဆင်ပြီး သိမ်းပိုက်ဖို့ကြိုးစားရာမှာ အင်အားအလုံးအရင်းသုံးစွဲမှာဖြစ်ပြီးမလိုအပ်ပဲ လူ့အရင်းအမြစ်တွေဆုံးရှုံးရမှာက နိုင်ငံအတွက် နစ်နာလှပါတယ်။

တရုတ်ထိန်းချုပ်ရေးကြားက ဓားစာခံ

       ပစိဖိတ်သမုဒ္ဒရာဘက်က ထွက်ပေါက်ခက်ခဲတဲ့တရုတ်၊ မြန်မာနိုင်ငံကို ဖြတ်ပြီး ကျောက်ဖြူ ဘက်က ရေနံပိုက်လိုင်းနဲ့အတူထွက်ပေါက်တစ်ခုကိုဖန်တီးခဲ့တယ်။ ပါကစ္စတန်ဘက်ကဖြတ်ပြီး အာရေဗျပင်လယ် ဘက်ထွက်ပေါက်တစ်ပေါက်ရှိပြန်တယ်။ အိန္ဒိယ-ပါကစ္စတန် စစ်ဖြစ်ရင် အဲ့ဒီထွက်ပေါက်ကို စစ်ရေးနယ်အဖြစ်ရောက်စေမှာ သေချာတယ်။ မြန်မာနိုင်ငံကျောက်ဖြူကိုလည်း စစ်ရေးနယ်တစ်ခု ဖန်တီးဖို့ အမေရိကန်ကကြိုးစားနေပြန်ပါတယ်။ AA ကလည်း အိပ်မက်ကြီးကြီးရှိထားသူဖြစ်တဲ့အခါကျတော့ AA ကို အစွမ်းကုန်ကူညီဖို့ လိုအပ်လာတယ်။အဲ့ဒီမှာတင် တရုတ်ထိန်းချုပ်ရေးဗျူဟာမှာ မြန်မာနိုင်ငံဟာ မြေဇာပင် ကောင်းကောင်းဖြစ်ရတော့တာပါပဲ။

      ဘင်္ဂလားဒေ့ရှ်မှာ ဟာစီနာ ဝန်ကြီးချုပ် ဖြစ် စဉ် စိန့်မာတင်ကို အမေရိကန်စစ်စခန်းvဆောင် ရွက်နိုင်ဖို့ တောင်းဆိုခဲ့တာရှိဖူးတယ်။ တရုတ်နဲ့ အဆင်ပြေနေတဲ့ ဟာစီနာက သဘောမတူခဲ့ဘူး။ မြန်မာနိုင်ငံမှာလည်း ပြည်တွင်းလက်နက်ကိုင်တွေ အုံကြွနေတဲ့ကာလဖြစ်လေတော့ အချိန်အခါက မြန်မာတွေ မြေဇာပင်ဖြစ်ဖို့အခါအခွင့်ကအားကောင်းလာတော့တယ်။ ဟာစီနာပြုတ်ကျအောင် ပြည်တွင်းဆူပူမှုကို ဖန်တီးလိုက်တယ်။ ဟာစီနာပြုတ်ကျပြီး အိန္ဒိယကိုထွက်ပြေးသွားခဲ့တယ်။

      အမေရိကန်ထောက်ခံတဲ့ နိုဘယ်ဆုရှင် ယူနွတ်အစိုးရတက်လာတယ်။ ယူနွတ်အစိုးရနဲ့ အမေရိကန် အစိုးရတို့ရဲ့မြန်မာနိုင်ငံရေး၊ စစ်ရေးကိုဝင်ရောက်ခြေရှုပ်ပြီး တရုတ်ထိန်းချုပ်ရေး လုပ် ဆောင်မယ့် အစီ အစဉ်က ဒက္ကားမှာရှိတဲ့ North-South University က အကြီးတန်း ကထိကတစ်ဦးရဲ့ရေးသားမှုနဲ့ လူနည်းစုစပြီး သိလာခဲ့​ကြ  တယ်။ North- east News မှာပါလာသလို၊ YouTube မှာလည်းပါလာတယ်။ Northeast
News က သတင်းဌာနသေးဖြစ်လို့ “ဖွ”သတင်းလို့ယူဆကြပြီး စာရေးသူတို့ ကြိုတင်သိအောင်ရေးခဲ့တာကို တောင်“ဖွ“တယ်လို့ ပုဒ်မတပ်ကြသူတွေရှိခဲ့တယ်။ အခုတော့ BBC, Nikkei Asia နဲ့ ဂျာကာတာပို့စ်၊ Diplomat တို့လို သတင်းကြီးတွေက စပြီးကျယ်ကျယ်ပြန့်ပြန့်ရေးလာကုန်ကြတာတွေ့ရတယ်။

ကြောက်စရာကောင်းတဲ့စီမံကိန်း

       ယူနွတ်အစိုးရရဲ့ စီမံကိန်းက အတော်ကြောက်စရာကောင်းတယ်။ အလှမ်းကျယ်လွန်းတယ်လို့ပြောရမလား၊ AA ကို ထောက်ပို့အနေနဲ့ အသုံးချပြီး Greater Bangladesh မဟာစီမံကိန်းကြီးကို အကောင်အထည် ဖော်ဖို့ဖြစ်တယ်ဆိုတဲ့ နိုင်ငံရေးအမာခံရှိသူတွေ ချက် ချင်းသဘောပေါက်နိုင်ပါတယ်။

       ဘင်္ဂလားဒေ့ရှ်ထဲမှာ အမေရိကန်ဖြစ်ပါတယ်။ အခုတော့ တပ်မ(၁၀, ၁၇, ၂၄)တွေက လုပ်ပေးမယ်ဆိုတဲ့သတင်းက စစ်ရေးတွေနဲ့သက်ဆိုင်နေပါတယ်။ စစ်ဆေးခွင့်မရှိဘူးဆိုကတည်းက စစ်ဘက်ဆိုင်ရာလက်နက်တွေပါ မလာဘူးလို့ ဘယ်သူကမှ အာမခံချက် မပေးနိုင်ပါဘူး။

      ဘင်္ဂလားဒေ့ရှ်ကထုတ်လွှင့်တဲ့ News 24 bd.tv မှာAAခေါင်းဆောင်က ဘင်္ဂလားဒေ့ရှ်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားမှုရှိပါတယ်လို့ အမေးအဖြေပြုလုပ်ထားတာကို ထုတ်လွှင့်သွားခဲ့ပါတယ်။ အရုပ်တွေရော၊ အသံတွေရော မူလအတိုင်းပါဝင်နေပါတယ်။ ဆိုလိုတာက AA ဟာ ပြည်ပအကူအညီကို ပြောင်ပြောင်တင်းတင်းရယူနေတယ်ဆိုတဲ့ သက်သေတစ်ခုပါပဲ။

      အဲ့ဒီမဟာစီမံကိန်းကြီးဖြစ်မြောက်ဖို့အတွက် အမေရိကန် – အင်ဒိုပစိဖိတ်ရေတပ်က ဒုတိယအကြီးဆုံးဗိုလ်ချုပ်ကြီး ဘင်္ဂလားဒေ့ရှ်ကို ရောက်လာတယ်။ နောက်ပိုင်းမှာ ဆိုင်ရာအထူးကျွမ်းကျင်သူ ထိပ်တန်းပုဂ္ဂိုလ်လေးဦးရောက်လာတယ်။ အမေရိကန်အစိုးရအရာရှိတချို့ ဘင်္ဂလားဒေ့ရှ်ကိုသွားကြတယ်။ Coxဘဇားနဲ့ မလှမ်း မကမ်းမှာလေ့ကျင့်မှ လုပ်နေတဲ့ပုံတွေတက်လာတာကိုလည်း တွေ့လာရတယ်။ နောက်တစ်ခါပင်လယ်ကမ်းခြေတစ်လျှောက်နောက်ခံမှာ သက်ကယ် လှေတချို့အပါအဝင် ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး လေ့ကျင့်ခန်းတချို့လုပ်နေတာတွေကိုလည်း တွေ့ရတယ်။

       နောက်ခံအကြောင်းပြချက် တချို့ကလည်းရှိထားလေတော့။ အဲ့ဒီအကြောင်းပြချက်ပေါ်မှာမှီပြီး စီမံ ကိန်းရေးဆွဲအကောင်အထည်ဖော်မဲ့ပုံစံလို့ ခန့်မှန်းရပါတယ်။ NLD လက်ထက်မှာ ရခိုင်က စခန်းတချို့ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတယ်။ တပ်မတော်ကပြန်တိုက်တော့ ဘင်္ဂလီတချို့က ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြတယ်။ နှစ်နိုင်ငံညှိနှိုင်းမှုအရ မြန်မာက ပြန်လက်ခံပေးဖို့သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံကထွက်ပြေးသူတွေဟုတ်-မဟုတ်ကို စစ်ဆေးပြီးမှလက်ခံမှာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်က လူလိုနဲ့ ပြန်လွှတ်ချင်တာကို လက်မခံလို့လွှဲပြောင်းရေးအစီအစဉ် လေးဖင့်နေခဲ့တယ်။ အဲ့ဒီအကြောင်း ရင်းကို အခြေခံပြီး လူသားချင်းစာနာထောက်ထားမှုခေါင်းစဉ်နဲ့ Safe Zone ကို ဖန်တီးဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဦးဆုံး စဉ်းစားခဲ့တယ်။ Safe Zone ဆိုတာက စစ်ကာလအတွင်းအသုံးပြုတဲ့   “ Term” ဖြစ်နေလေတော့ Safe Corridor ရယ်လို့ဖြစ်လာခဲ့ပါတယ်။ ပထမဆုံးက No Fly Zone ဆိုပြီး ခပ်မြင့်မြင့်စဉ်းစားခဲ့တာပါ။

      ယူနွတ်အစိုးရရဲ့မဟာဗျူဟာမြောက်စီမံကိန်းကိုပြန်ချုပ်လိုက်ရရင်-
• AA ကို နောက်ကွယ်က ထောက်ပံ့မယ်။ ဆေးဝါးရိက္ခာမက လက်နက်၊ စစ်ဘက်ဆိုင်ရာတွေအထိပါလာမယ်။
• လိုအပ်လာရင် လူအင်အားပါ ဖြည့်ဆည်းမဲ့သဘော
• ရှေ့ကတိုက်ရမှာက AA နဲ့ ရခိုင်လူမျိုးတွေ
• အခြေအနေကို အခွင့်ကောင်းယူပြီး ဘင်္ဂလီတွေ မြန်မာထဲ “လူ”တွေနဲ့ အုပ်လိုက်ဝင်လာပြီး နေရာယူကြမယ်
• လွတ်လပ်နယ်မြေတောင်းမယ်
• ဘင်္ဂလားဒေ့ရှ်က ထောက်ခံပေးမယ်
• နိုင်ငံတကာပြဿနာဖြစ်အောင် ဆွဲဆန့်ကြမယ်
• လူဦးရေပေါက်ဖွားမှုနှုန်း မတူလေတော့ရခိုင်မြောက်ပိုင်းကနေတောင်ပိုင်းအထိ လူဦးရေနဲ့ နယ်ချဲ့ပြီး ရခိုင်ဒေသတစ်ခုလုံးကို သိမ်းပိုက်ပြီး မဟာဘင်္ဂလားဒေ့ရှ် (Greater Bangladesh) ထူထောင်မယ်။

ချင်းဘက်ကလည်းအလားတူစီမံကိန်း

      AA နဲ့ CNF က တရားဝင် ပူးပေါင်းလိုက်ကြပါပြီ။ KIAကတော့ ဆရာကြီးပါ။

      ပထမအတွေး အခေါ်က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြားမှာ ခရစ်ယာန်လူ့အဖွဲ့စည်းတစ်ရပ် ထူထောင်ဖို့ဖြစ်ပါတယ်။ အဲ့ဒီသဘောတရားကို အကောင်အထည် ဖော်ဖို့က အတော်ခက်ခဲလှမှာဖြစ်ပါတယ်။ဒါနဲ့ ဒုတိယအတွေးအခေါ်က နေရာယူလာတယ်။ မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ အုပ်စိုးစဉ်က တောင်တန်းဘက်ကို ခရစ် ယာန် ဘာသာပြန့်ပွားစေခဲ့တယ်။ နတ်ကိုးကွယ်တဲ့လူမျိုးအတော်များများ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ခဲ့ကြတယ်။ ကချင်၊ ချင်းတို့လည်းအပါအဝင်ဖြစ်
တယ်။ ခေါင်းစဉ်ကိုဘယ်လိုပေးပေး ချင်းပြည် နယ်မှာ နိုင်ငံတကာကပါဝင်တဲ့ ခရစ်ယာန်လူ့အဖွဲ့အစည်းတစ်ရပ်ထူထောင်ရေးကို ကြိုးစားလာကြတယ်။ ပြောရရင် အိမ်ကြီးထဲ အိမ်ငယ်ဆောက်တဲ့သဘောပါပဲ။ နိုင်ငံရေးစကားနဲ့ ပြောရရင် State within the state ဖြစ်ပါတယ်။

      လောလောဆယ် မြန်မာနိုင်ငံထဲမှာလည်း နေရာစုံလောက်က ပြည်တွင်းစစ် ဖြစ်နေတာကြောင့် သူတို့အတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်လာခဲ့တယ်။ AA ရော၊ CNF ရော အိပ်မက်တွေမက်ဖို့ ကောင်းတဲ့အခြေအနေဖြစ်လာတယ်။ အရင်တုန်းကဆိုရင် AA က Confederate အထိ တောင်းဖို့အိပ်မက်ရှိခဲ့တာကို ဖွင့်ပြောထားတဲ့သူပါ။ အခုအခြေအနေအရမှာတော့ အိပ်မက်ကပိုကြီးသွားပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ အမေရိကန်တို့ရဲ့ အကူအညီရမှာဆိုတော့ “သီးခြားနိုင်ငံ” ထူထောင်ဖို့အထိပြောလာခဲ့ပါပြီ။ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဆိုတာတောင် မပြောတော့ပါဘူး။

      AA လိုပဲ အိပ်မက်ကြီးသူက ဘင်္ဂလားဒေ့ရှ်ဖြစ်ပါတယ်။ အမေရိကန်ကတော့ တရုတ်ထွက် ပေါက်ပိတ်ပြီး ထိန်းချုပ်နိုင်ဖို့ကိုပဲ အဓိကထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ AA-CNF တို့ ဆွမ်းကြီးလောင်းသမျှကို ဖြည့်ဆည်းပေးမယ့်သဘောပါပဲ။ BDMilitary ကတင်ထားတဲ့ Post တွေကို လေ့လာရင်သူတို့ရဲ့ရည်ရွယ် ချက်ခြေလှမ်းတွေကိုကောင်းကောင်းတွေ့မြင်နိုင်ပါတယ်။
      The Rohingya Safe Zone:
      Bangladesh Strategic Master Stroke in the east?
      Our latest in dept article explores how the proposed Rohingya Safe Zone is not just a Humanitarian measure, but a ones – in – a – generation strategic opportunity, ဆိုပြီးရေးထားတယ်။

      ပြောချင်တာက Safe Zone ဆိုတာ လူသားချင်းစာနာထောက်ထားမှုအတွက် သက်သက်သာမဟုတ်ပဲ မျိုးဆက်တစ်ခုအတွင်း တစ်ကြိမ်သာရတဲ့ မဟာအခွင့် အရေးပေါ်မှာ အသုံးချတဲ့ မဟာ ဗျူဟာမြောက် စီမံ ကိန်းဖြစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။

ရောင်ခြည်တစ်စတွေ့လာပြီ

      ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ခပ်ရှုပ်ရှုပ်ဖြစ်တယ်။ ဟာစီနာဝန်ကြီးချုပ် လက်ထက်မှာ တရုတ်စီမံကိန်း အများအပြားကြောင့် တရုတ်ဘက်ကို ယိမ်းသွားခဲ့တယ်။ စိန့်မာတင်ကျွန်းမှာ အမေရိကန်စစ်စခန်းတည်ဆောက်လိုကြောင်း တောင်းဆိုမှုမှာ ဟာစီနာ ငြင်းပယ်လိုက်တဲ့အတွက် CIA ရဲ့ကစားကွက်တစ်ခုဖြစ်တဲ့ ဆန္ဒပြမှုတွေကြောင့် ဟာစီနာထွက် ပြေးခဲ့ရတယ်။ ဟာစီနာလက်ထက်မှာ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဦးစီးချုပ်ကို (တူ တော်သည်ဟုဆိုကြ) ဗိုလ်ချုပ်ကြီးဇမန်ကို ခန့်အပ်ခဲ့တယ်။

      ဟာစီနာနုတ်ထွက်ပြီး သုံးရက်အကြာမှာ ဗိုလ်ချုပ်ကြီးဇမန်ကဦးစီးပြီး နိုင်ငံရေးခေါင်း ဆောင်တွေ စစ်ဘက်ခေါင်းဆောင်တွေရဲ့ရှေ့ မှောက်မှာပဲ ကြားဖြတ်အစိုးရရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ကျင်းပပေးခဲ့ပါတယ်။ ကြားဖြတ်အစိုးရမှာ ယူနွတ်ကခေါင်းဆောင်ပါ ၊သူ့ရာထူးကို “ဝန်ကြီး” အဖြစ် ဗိုလ်ချုပ်ကြီးဇမန်က လက်မခံပဲ “အကြံပေး” အဖြစ်နဲ့သာရှိဖို့ တောင်းဆိုခဲ့လို့ ယူနွတ်က ကြားဖြတ်အစိုးရရဲ့ အကြံပေးဖြစ်လာတယ်။

      အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ ကြားဖြတ်အစိုးရအနေနဲ့ အထွေထွေရွေးကောက်ပွဲကို ၂၈ လအတွင်းပြန်ကျင်းပပေးရမှာ ဖြစ်ပြီး ကြားထဲမှာ ယူနွတ်က အစိုးရ အဖွဲ့ဝင်အဖြစ်က နုတ်ထွက်မယ်ဆိုတဲ့ အသံတချို့ထွက်လာခဲ့ပါတယ်။ မျှော်တိုင်း မပေါက်လို့လားတော့မသိပါဘူး။ အတည် ပြုချက်ကတော့မရှိသေးပါဘူး။

      ဗိုလ်ချုပ်ကြီးဝါကာဟူဇမန်ဟာ Four Star General (ကြယ်လေးပွင့်) စစ်ဦးစီးချုပ်ဖြစ်ပြီးအသက် ၅၈နှစ်အရွယ် အရွယ်ကောင်းဖြစ်တယ်။ဟာစီနာ ဝန်ကြီးချုပ်ကာလ June, 2024 မှာ တပ်မတော်အကြီးအကဲအဖြစ်ခန့်အပ်ခြင်းခံရသူဖြစ်ပြီး ဘာမှသိပ်မကြာလှသေးပါဘူး။အဲ့ဒီနောက်ပိုင်းမှာ ဟာစီနာ ထွက်ပြေးသွားခဲ့ရတယ်။

      ဒါကာမှာ ဘင်္ဂလားဒေ့ရှ်တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်။ တပ်မတော်အကြီးတန်းအရာရှိ (၁,၂၀၀) လောက် တက်ရောက်ခဲ့ကြတာတွေ့ရတယ်။အကြောင်း အရာကတော့ ယူနွတ်အစိုးရ စီစဉ်နေတဲ့ Humanitarian Aid Corridor “လူ သားချင်းစာနာထောက်ထားမှု အကူပေးစင်္ကြံ” နဲ့ ပတ်သက်တဲ့ကိစ္စဖြစ်ပါတယ်။

     Corridor လို့ပဲပြောပြော၊ Safe Zoneလို့ပဲဆိုဆို ကြံစည်မှုရည်မှန်းချက်ကတော့ အတူတူပဲဖြစ်ပါတယ်။အန္တရာယ်နဲ့ ရင်းနှီးပြီး အကောင် အထည်ဖော်ရမယ့် လုပ်ငန်းဖြစ်ပါတယ်။ ယူနွတ်အစိုးရကို အမေရိ ကန်က နောက်ကွယ်ကနေ အကူအညီတွေပေးသလို၊ တရုတ်ဘက်က လည်းငြိမ်ခံနေမှာမဟုတ်ပါဘူး။ နိုင်ငံကြီးတွေ ပါဝင်ပတ်သက်လာရတော့မှာပါ။အခန့်မသင့် ရင်နယ်စပ်စစ်ပွဲတွေဖြစ်တဲ့အပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ပါစစ်ရေးတင်းမာမှုတွေ ရှိလာနိုင်ပါတယ်။

      ဘင်္ဂလားဒေ့ရှ်စစ်ဘက်အကြီးအကဲ ဇမန်အနေနဲ့ ဒီအခြေအနေကိုမမြင်စရာ၊ မသိစရာမရှိပါဘူး။ ဗိုလ် ချုပ်ကြီး ဇမန်အနေနဲ့ တရုတ်ကို June လထဲမှာသွား ရောက်ဖို့ လည်းရှိနေတာတွေ့ရပါတယ်။

      ယူနွတ်အစိုးရက အမေရိကန်ရဲ့စီမံကိန်းကိုအကောင်အထည်ဖော်ပေးတယ်။ ဗိုလ်ချုပ်ကြီးဇမန်က တရုတ်ပါဝင်လာရင် ဖြစ်လာမယ့်အန္တရာယ်ကိုမြင်တယ်။ အဲ့ဒီမှာတင် ယူနွတ်အစိုးရနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အကြားသဘောထားကွဲလွဲမှုတွေ ရှိလာပါတယ်။ ဗိုလ်ချုပ်ကြီးဇမန်ရဲ့ပါဝါက တဖြည်းဖြည်းမြင့်လာပြီး ယူနွတ်ရဲ့သြဇာက ကျဆင်းလာတာတွေ့ရတယ်။ နောက်ဆုံးသတင်းတစ်ခု တက်လာတာကတော့.. မြန်မာအတွက် “လင်းရောင်ခြည်တစ်ခု” ပါပဲ။ ဗိုလ်ချုပ်ကြီးဇမန်က “ယူနွတ်အစိုးရဟာ ယာယီကြားဖြတ် အစိုးရသာဖြစ်ပါတယ်။ရွေးကောက် ပွဲဖြစ်မြောက်ရေးအတွက်ပဲ တာဝန်ရှိတယ်။ အခုလိုစီမံကိန်းကို ဆုံးဖြတ်ခွင့်မရှိဘူး”လို့ ခပ်ပြတ်ပြတ်ဆို လိုက်တာပါပဲ။

#PAN