(မှုခင်း) ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ကူနီကျေးရွာရှိ အမက(မူလွန်)ကျောင်းမှ ကျောင်းအုပ်ဆရာမတစ်ဦး အား အကြမ်းဖက်PDFအဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ယနေ့ မွန်းလွဲ၃နာရီခွဲအချိန်ခန့်က အကြမ်းဖက် PDF ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီထွေး၊ ၄၅နှစ်ခန့်အားသေနတ်ဖြင့်ပစ်ခတ်ခဲ့၍ သေဆုံး သွားကြောင်း သိရသည်။
နတ်မောက်မြို့နယ် ဝက်ချုပ်ကျေးရွာတွင် ယခုလ ၁ရက်နေ့က အလယ်တန်းပြဆရာမတစ်ဦးနှင့် ၎င်း၏ခင်ပွန်းအား PDF များက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇွန် ၆ ရက်ထိ သတ်ဖြတ်ခံရသည့် ပညာရေးဝန်ထမ်း ၈၀ ဦးနှင့် ဒဏ်ရာရရှိသူ ၃၅ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#PAN