(ပြည်တွင်း) မေ ၃၀
“ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ” တစ်ခုကို နေပြည်တော်မှာရှိတဲ့ သိရိမင်္ဂလာဟိုတယ်မှာ ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

အဆိုပါဆွေနွေးပွဲကို ၂ ကြာပြုလုပ်သွားမှာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ဖွင့်ပွဲအခမ်းအနားနဲ့အတူ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားတဲ့အပြင် ဆွေးနွေးပွဲတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် ဒုတိယပိုင်းအစီအစဉ်များကိုပြန်လည်စတင်ပြီး “မန္တလေးငလျင်ကြီး၏ စီးပွားရေးအပေါ်ရိုက်ခတ်မှုများ” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲနှစ်ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


#PAN