(နိုင်ငံတကာ) မေ ၂၉

အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အငတ်ဘေးကြုံတွေ့နေရသည့် ဂါဇာကမ်းမြောင်ဒေသရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ ဂိုထောင် ဖောက်ထွင်းခံခဲ့ရကြောင်း သိရသည်။
ထွက်ပေါ်လာသည့် ရုပ်သံများအရ စားနပ်ရိက္ခာဂိုထောင်သို့ လူအုပ်ကြီးဝင်ရောက်လာပြီး သေနတ်သံများထွက်ပေါ်ခဲ့ကြောင်း ဖြစ်စဉ်ကြောင့် သေဆုံးသူများရှိခဲ့ကြောင်း သိရသည်။
ဂိုထောင်ဖောက်ထွင်းမှုတွင် လူနှစ်ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဂိုထောင်အတွင်းမှ ဂျုံမှုန့်အိတ်များနှင့် အစားအစာပုံးများ ယူဆောင်သွားခဲ့ကြောင်း သိရသည်။
အစ္စရေးတပ်ဖွဲ့များ၏ ပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာများ ထောက်ပံ့ရန်ခက်ခဲနေသည့် ဂါဇာကမ်းမြောင်ဒေသတွင် အငတ်ဘေးကြုံနေရကြောင်း လူသားခြင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးလုပ်ဆောင်နေသူများက သတိပေးထားသည်။
Telegram»…
https://t.me/positiveanglenews