(ပြည်တွင်း) မေလ ၂၇

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာအတန်းများ၏ ကျောင်းအပ်နှံလက်ခံခြင်းကို မေလ ၂၂ ရက်နေ့က စတင်ဆောင်ရွက်နေပြီး ကျောင်းအပ်နှံသည့် ကျောင်းသူကျောင်းသားများပြားနေကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ကျောင်းအပ်လက်ခံမှုစတင်သည့်နေ့မှစပြီး မေလ ၂၅ ရက်နေ့အထိ ၃ ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ ၂၈၃၀၀ ဦး လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မြို့သစ်မြို့နယ်၌ အခြေခံပညာကျောင်းပေါင်း(၁၉၀)၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁) ကျောင်း စုစုပေါင်း (၁၉၂) ကျောင်းတွင် အခြေခံပညာမူလတန်းအဆင့်တွင် လာရောက်အပ်နှံသူ (၁၉၀၅၄) ဦး၊ အလယ်တန်းအဆင့်တွင် (၇၄၇၁) ဦး၊ အထက်တန်းအဆင့်တွင် (၁၇၇၅) ဦး စုစုပေါင်း (၂၈၃၀၀) ဦးအပ်နှံပြီးစီးပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၈၂ ဒသမ ၇၃) ရာခိုင်နှုန်းရှိပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Telegram»…
https://t.me/positiveanglenews