ဘက်ထရီစနစ်သုံးမီးရထားစက်ခေါင်းများမကြာမီရောက်ရှိပြီး အသုံးပြုမည်

(​စီးပွားရေး) မေ ၂၁

“မကြာမီကာလအတွင်း ဘက်ထရီစနစ်သုံးမီးရထားစက်ခေါင်းများလည်း ရောက်ရှိတော့မည်ဖြစ်ပြီး စတင်အသုံးပြုနိုင်တော့မည်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောဆိုထားသည်။

မေလ ၂၀ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးတွင်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှပြောကြားခဲ့ခြင်းဖြစ်သည်။

လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် (EV) ကား တင်သွင်းမှုများကို ခွင့်ပြုပေးထားသော်လည်း နိုင်ငံခြားငွေလိုအပ်ချက်များရှိနေသည့်အတွက် ကန့်သတ်ချက်ရှိနေသည်ဟုလည်း ၎င်းကပြောသည်။

နိုင်ငံခြားငွေလိုအပ်ချက်များရှိနေသဖြင့် လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် (EV) ကား တင်သွင်းမှုများတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်နေကြောင်းလည်းပြောကြားခဲ့သည်။

ထို့အတူ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး (Public Transportation) များကို ပိုမိုအားပေးဆောင်ရွက်ပြီး အသုံးပြုမှုများပြားလာမည်ဆိုပါက နှစ်စဉ်ပြည်ပမှ လောင်စာဆီတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး ပို့ဆောင်ရေးနှင့် ပတ်သက်၍လည်း လျှပ်စစ်စွမ်းအင်သုံးပို့ဆောင်ရေးစနစ်သို့သွားနိုင်ရေး ဆက်လက်အကောင်အထည်ဖော်‌ဆောင်ရွက်သွားရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောဆိုထားသည်။

#PAN