စမ်းချောင်းမြို့နယ်ရှိ Royal Khattar Hoteတွင် Air Com Indoor Fan အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

(မှုခင်း) မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ခေတ္တာလမ်း၊ အမှတ်(၁၃)ရှိ Royal Khattar Hotel ၄လွှာ၊ အခန်းအမှတ်(၄၀၄)တွင် ယနေ့နဲနက်၁၁နာရီ၃၅မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်သည့်နေရာသို့စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ်(၁)စီး၊ ရေသည်ယာဉ်(၂)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ နဲနက် ၁၁နာရီ၄၀ မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်မှာ Air Com Indoor Fan အပူလွန်ကဲရာမှ မီးစထွက် ၍ အောက်ရှိလိုက်ကာခန်းစီးစပေါ်သို့ မီးစကူးဆက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပါကြောင်း၊ လူထိခိုက်မှုမရှိကြောင်း၊ ပျက်စီးဆုံးရှုံးတန်းဖိုးမှ (၁၅၀၀၀၀)ကျပ် ဆုံးရှုံးခဲ့ကြောင်း၊ Royal Khattar Hotel မန်နေဂျာ ဦးမျိုးကျော်ထက်အား စမ်းချောင်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

#PAN