PDF ယာဥ်တိုက်မှုကို TNLA က သိန်း ၂၀ နဲ့ဆုံးဖြတ်ပေး

(မှုခင်း) မေ ၂၀

PDF အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးမောင်းလာတဲ့ မော်တော်ယာဥ်က ဒေသခံတစ်ဦးမောင်းလာတဲ့ မော်တော်ဆိုင်ကယ်ကိုဝင်တိုက်မှုကို ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က တအောင်းပလောင်အကြမ်းဖက်သောင်းကျန်းသူ TNLA ထိန်းချုပ်ရာ မိုးမိတ်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုအတွင်း ဆိုင်ကယ်စီးနှင်လာတဲ့ အမျိုးသား ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပေမယ့် TNLA က ငွေကျပ်သိန်း ၂၀ နဲ့ ကျေအေးကြောင်း လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အစိုးရထိန်းချုပ်စဥ်က မိုးမိတ်မြို့မှာတရားဥပဒေစိုးမိုးခဲ့ပေမယ့် TNLA ထိန်းချုပ်ထားချိန်မှာ လက်နက်ကိုင်ဆောင်ပြီး ဆုံးဖြတ်ချက်ချနေလို့ တရားဥပဒေစိုးမိုးဖို့ဒေသခံတွေလိုလားနေကြပါတယ်။

#PAN