TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မှာ လက်နက်ကိုင်တွေက ဓားတိုက်နေ

(မှုခင်း) မေ ၂၀

တအောင်းပလောင်အကြမ်းဖက်သောင်းကျန်းသူ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ ဒေသခံတွေဟာ လက်နက်ကိုင်တွေရဲ့ ဓားပြတိုက်တာကို မကြာခဏခံနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က တက္ကနိူင်းကျေးရွာကနေ ကွတ်ခိုင်ကို ကားနဲ့ပြန်လာတဲ့ မိသားစုဟာ မိုင်းရပ်ကျေးရွာရောက်မှာသေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား (၃)ဦးက ဓားပြတိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

မေလ ၁၉ ရက်နေ့ကလည်း TNLA တပ်မဟာ (၅)နယ်မြေဖြစ်တဲ့ ကွတ်ခိုင်ခရိုင် မိုင်းရပ်ကျေးရွာအနီး လမ်းခုလတ်မှာ လက်နက်ကိုင်တွေရဲ့ ဓားပြတိုက်မှုကို သားအမိနှစ်ဦးခံခဲ့ရပြီး ဓားပြတွေက ဖုန်းနဲ့ ပိုက်ဆံသိန်း (၄၀၀)ခန့်ကိုယူဆောင်သွားတယ်လို့ သိရပါတယ်။

#PAN