(မှုခင်း) မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်ကြီးရပ်ကွက်၊ အရှေ့ဆင်တိုင်ရပ်ရှိ အိမ်၌ ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ပန်ကာအပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၈ မိနစ်အချိန်ခန့်တွင် မီးထိန်းနိူင်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၁၂ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်မှာ တောင်ကြီးရပ်ကွက်၊ အရှေ့ဆင်တိုင်ရပ်နေ ဒေါ်တင်မေ ၏နေအိမ်တွင်တူဖြစ်သူ ကျော်သူအောင်၊ ၃၅ နှစ်၊ (ဘ)ဦးမောင်မောင်၊ “OK”ဆီဆိုင် ဝန်ထမ်း၊ အရှေ့ဆင်တိုင်ရပ်၊ တောင်ကြီးရပ်ကွက်နေသူသည် အိမ်အပေါ်ထပ်တွင်ရှိနေစဉ် အပေါ်ထပ်အိပ်ခန်းတွင်းရှိ ပန်ကာအပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ ၂ ထပ်နေ အိမ် ထရံကာသွပ်မိုး အပေါ်ထပ်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့သွားကြောင်း၊ မီးလောင်မှုကြောင့် စုစုပေါင်းကာလတန်ဖိုး ၁၅ သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသူ ကျော်သူအောင် အား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews