(ပြည်တွင်း) မေ ၁၁

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ရွာပုလဲကျေးရွာ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အကြမ်းဖက် PDF များက ကျေးရွာသား ၂ ဦးအား သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ဦးတင်ဝင်းနှင့် ကျော်မိုးတို့ ၂ ဦးသည် “နားခိုခွင့်” လ္ဘက်ရည်ဆိုင်ရှေ့တွင် စကားပြောနေစဥ် အိုင်ရင်းကျေးရွာ ဘက်မှ အကြမ်းဖက် PDF ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဒလန်တွေ ရှင်းပစ်ရမယ်ဟုပြောကာ သေနတ်ဖြင့်ပစ်ခတ် ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရှိသည်။

အဆိုပါ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ရွာပုလဲကျေးရွာနေ ဦးတင်ဝင်း၊ ၆၈ နှစ်၊(ဘ)ဦးထွန်းဖေ၊ တောင်သူ(ပြည်ခိုင်ဖြိုးပါတီ၊ရပ်ကျေးဥက္ကဌ)တွင် ယာ-လက်ပြင် ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဝဲ-ရင်အုံ ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ ဝဲ-လည်ပင်း ဖောက်ထွက်ဒဏ်ရာ ၂ ချက်ဖြင့်လည်းကောင်း၊ ကျော်မိုး၊ ၃၇ နှစ်၊ (ဘ)ဦးပေါက်စ၊ “နားခိုခွင့်” လ္ဘက်ရည်ဆိုင်ပိုင်ရှင်တွင် ဝဲ-နောက်ကျောမှ ဖောက်ဝင်ပြီး ဝဲ-ရင်အုံ ဖောက်ထွက်ဒဏ်ရာဖြင့် လည်းကောင်း သေဆုံးသွားခဲ့ရကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews