(ပြည်တွင်း) မေ ၉

တရားမဝင်ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင်လာတဲ့ ရေယာဉ်၊ မော်တော်ယာဉ်များနှင့် ငါးဖမ်း စက်လှေများ ဖမ်းဆီးရမိနိုင်ရေး သတင်းပေးခဲ့ကြတဲ့ ပြည်သူများကို သတင်းပေးဆုကြေးငွေအဖြစ် ငွေကျပ်သန်း ၂,၁၁၈ ဒသမ ၅၇၀ ကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကနေ သိရပါတယ်။
အဆိုပါ တာဝန်သိပြည်သူများရဲ့ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၅ ခုနှစ် ဧပြီလအတွင်း သတင်းရရှိမှု ၁၀၁ ကြိမ်ရရှိခဲ့ပြီး သတင်းမှားငါးကြိမ်၊ နောက်ကျသတင်းလေးကြိမ်နှင့် ဖမ်းဆီးရမိမှု ၉၂ ကြိမ်ကို အမှုတွဲ ၂၀၇ မှု ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ခန့်မှန်းငွေကျပ် ၁၀,၅၉၂ ဒသမ ၈၅၄ သန်းတန်ဖိုးရှိ တရားမဝင်ကုန်စည်များကိုဖမ်းမိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အခုလိုဖမ်းဆီးရမိခဲ့တဲ့ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၅၉၂ ဒသမ ၈၅၄ သန်းရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ်သန်း ၂,၁၁၈ ဒသမ ၅၇၀ ကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများမှ မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေးဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
တာဝန်သိပြည်သူများအနေနဲ့ တရားမဝ င်ကုန်သွယ်မှု သတင်းများနှင့် ပတ်သက်၍ ဖုန်း ၀၉-၄၀၄၃၃၉၉၆၉ ၊ ၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်းလည်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews