(ပြည်တွင်း) မေ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ သင်ပေါင်းကျင်းကျေးရွာကို အကြမ်းဖက်သမား PDF များမှ မေလ ၆ ရက် နံနက်ပိုင်းက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၆ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ကန့်ဘလူမြို့ နယ်၊ သင်ပါင်းကျင်းကျေးရွာအား အကြမ်းဖက်သမား PDF များမှ ကျေးရွာ၏ တောင်ဘက် မီတာ ၈၀ဝ ခန့်အမြင့်မှနေ၍ Drone ဖြင့် Drop Bomb များ လာရောက်ပစ်ချ တိုက်ခိုက်ခဲ့ရာ ဗုံသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်နေကြသည့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦးသေဆုံးခဲ့ရ ပြီး အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမား PDF များ၏ ယခုကဲ့သို့ အေးချမ်းစွာနေထိုင် နေကြထိုင်ကြသော ဒေသခံပြည်သူများ နေထိုင်ရာကျေးရွာများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည့် လုပ်ရပ်များအပေါ် ဒေသခံပြည်သူများက ရွံ့ရှာစက်ဆုပ် မုန်းတီးလျက်ရှိကြောင်းနှင့် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်းမရှိ သည့်အတွက် တပ်မတော်၏ အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်မှုတွင် အားတတ်သရော ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews