ချဲလ်ဆီးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးဆုကို ရရှိခဲ့တဲ့ ကိုင်စီဒို


(အားကစား) မေ ၇

ချဲလ်ဆီးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးနှင့် အသင်းဖော်များရွေးချယ်တဲ့ အကောင်းဆုံးကစားသမား ဆုကို ကွင်းလယ်ခံစစ်ကစားသမား ကိုင်စီဒို က ဆွတ်ခူးရရှိခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကိုင်စီဒို ဟာ အခုရာသီ ပရီးမီးယားလိဂ် ၃၅ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၄၁ ပွဲအထိ ကစားထားခဲ့ပြီး သွင်းဂိုး တစ်ဂိုး သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကိုင်စီဒို ဟာ ချဲလ်ဆီးအသင်းအတွက် ခြေစွမ်းပြ ကစားထားနိုင်သလို အသင်းရဲ့ ခံစစ်နဲ့ တိုက်စစ်ပိုင်းတွေကို ဟန်ချက်ညီစေရန် ပုံဖော်ရာမှာ အဓိကကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN